Connect with us

Local

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ မေလတွင် ကျင်းပမည်

ကျောက်မျက်ရတနာ ပြပွဲကျင်းပမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ‌လာမည့် မေလအတွင်း နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ကျောက်မျက်ရတနာပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မေလ (၃) ရက်မှ (၁၂) ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် (၁၀)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီးပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။(Xinhua)
#မြန်မာ့ကျောက်မျက်ရတနာပြပွဲ #(၅၉)ကြိမ်မြောက် #မဏိရတနာကျောက်စိမ်းခန်းမ #ပုလဲ #ကျောက်မျက် #ကျောက်စိမ်းအတွဲ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.