Connect with us

Business

မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်၌ MSME ထုတ်ကုန်ပြပွဲ ကျင်းပမည်

ယခင် MSME ထုတ်ကုန်ပြပွဲတွင် ပြသရောင်းချခဲ့သော ဒေသထုတ်ကုန်များအား တွေရစဉ်(ဓာတ်ပုံ- MRTV)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်များ ပြပွဲကို နေပြည်တော်၌ ကျင်းပမည်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြပွဲကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိစျေးအတွင်း မေလ ၁ ရက်မှ ၅ ရက်အထိ ငါးရက်ကြာ ပြပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်မှ ပြည်တွင်း MSME ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ ဒေသထွက်ကုန်များနှင့် ဌာနဆိုင်ရာပြခန်းများက ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ယင်း ကုန်စည်ပြပွဲတွင် ပြခန်း စုစုပေါင်း ၅၄ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)