ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် ကုန်သွယ်မှု ဆက်စပ်ဌာနများကြား တူညီသည့်အချက်များအား Single Entry အဖြစ်ဆောင်ရွက်နိုင်စေရန် ကုန်သွယ်မှုလုပ်ငန်းများအတွက် ထောက်ခံချက်ပေးသည့် လုပ်ငန်းများ အပါအဝင် လိုင်စင်နစ်နှင့် ဆက်စပ်လုပ်ငန်းများအား အွန်လိုင်းအသုံးပြုဆောင်ရွက်နိုင်မည့် Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁ရက်မှစ၍...
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) Saty at Home ကာလတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှကြီးမှူး၍ Zoom Application ဖြင့် အောက်တိုဘာ ၂၆ ရက်မှစ၍ ရွှေအရောင်းအဝယ် ပြုလုပ်လျက်ရှိရာ နေ့စဉ် ရွှေ ၅ ပိဿာဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တု ၇၈၃၄ ဒသမ ၁၆၀ ထရိုင်အောင်စ ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ကာလအလွန် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရန်အတွက် စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင်းနှီးမြှုပ်နှံရန် ယခင်ကထက် ပိုမိုဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန် ကုန်သွယ်ရေးသတင်းအချက်အလက် ဝက်ဘ်ဆိုက်အသစ်တစ်ခု (www.myantrade.gov.mm) အား ယခုရက်ပိုင်းမှစ၍ အကောင်အထည်ဖော်ထုတ်လွှင့်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့(Myantrade)မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မထက်ထက်အောင်၏ အွန်လိုင်းစတိုး က လျော့ကျသွားခြင်းမရှိဘဲ ရောင်းအားပိုမိုတိုးမြင့်လာခဲ့သည်။ အွန်လိုင်းစတိုးမှ ရရှိသည့်အကျိုးအမြတ်က သူမမိသားစု ၃ ဦး၏ နေ့စဉ်အသုံးစရိတ်ကို အပြည့်အဝထောက်ပံ့ပေးနိုင်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်သုံးစွဲနိုင်မှုယူနစ်သည် ၄၉၂ယူနစ်အထိရှိလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လုပ်ငန်းအစပျိုးခါစလုပ်ငန်းရှင်များ နှင့် MSME(Micro, Small and Medium Enterprises) လုပ်ငန်းရှင်များ အနေဖြင့် မိမိလုပ်ငန်းများ နှင့် ပတ်သက်သော အကြံဉာဏ်များ ရယူနိုင်ရန် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးမှုများ ဆောင်ရွက်ပေးမည်...
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၉၂၈ ဒဿမ ၀၇ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၀ ဒဿမ ၂၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် ၆၆၉,၆၈၅ ဒသမ ၂၉၁ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ်တန် ၈၆,၀၀၈ ဒသမ ၉၃၇...