Connect with us

Business

လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ထားသည့် တောင်သူများ နွေစပါးစိုက်ပျိုးရာသီအတွက် ကာလတိုချေးငွေ စတင်လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီး၌ လယ်ယာစိုက်ပျိုးနေသည့် တောင်သူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ထားသည့် တောင်သူလယ်သမားများအနေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရေးရာသီအတွက် ကာလတို ချေးငွေများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ၂၀ ရက်က အသိပေးချက်ထုတ်ပြန်ပြီးတာနဲ့ချေးငွေ လျှောက်ထားတဲ့ တောင်သူတွေ ရှိနေပါပြီ။ လျှောက်လွှာနောက်ဆုံးရက် ဆိုတာထက် လက်ရှိနွေစပါး စိုက်ပျိုးရာသီအမီ ချေးပေးနိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်။ တောင်သူတွေ စိုက်ပျိုးစရိတ် အနည်းနဲ့အများ ကာမိစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာပါ’’ ဟု ပြောသည်။

လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ထားသည့် တောင်သူလယ်သမားများကို ကာလတိုချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် ၄ သိန်း ထုတ်ချေးပေးနိုင်ရေးကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ်များ ညှိနှိုင်းပေါင်းစပ် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
“အခုလို ချေးပေးတဲ့အတွက် တောင်သူတွေအတွက် တစ်ဧက အထွက်နှုန်းတွေ တိုးလာမယ်လို့ထင်ပါတယ်’’ ဟု အဆိုပါတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။

အဆိုပါအစီအစဉ်အရ ချေးငွေရယူလိုသည့် တောင်သူများသည် ပုံစံ(၇) မူရင်းကို အာမခံအဖြစ် ထားရှိရမည်ဖြစ်ကာ စပါးသီးနှံ တစ်ရာသီ ၄ လမှ ၅ လအထိ ချေးငွေကာလ ထားရှိမည်ဖြစ်ပြီး အတိုးနှုန်းကို ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့် သတ်မှတ်ထားကြောင်း သိရသည်။

လျှောက်လွှာများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် Email [email protected] ဖြင့်လည်းကောင်း၊ Viber ဖုန်းနံပါတ် (09-400067240) သို့ လည်းကောင်း ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117