Business
မြန်မာနိုင်ငံက ပထမ သုံးလပတ်တွင် ဆန်တန်ချိန် ၃၆၁,၂၁၃ တန် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ်၊ ပထမ သုံးလပတ်တွင် ဆန်တန်ချိန် ၃၆၁,၂၁၃ တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူတွင် ဆန်တန်ချိန် ၃၉၈,၇၄၅.၃၉ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဧပြီ ၁၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်နေကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်နေကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် ဇန်နဝါရီ မှ မတ်လ အထိ မြန်မာနိုင်ငံအနေဖြင့်ဆန်ကွဲတန်ချိန် ၂၆၀,၅၃၅ တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူတွင် ဆန်ကွဲတန်ချိန်၂၁၈,၇၇၇.၅ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မတ်လအထိ ဆန်ကွဲအများဆုံးဝယ်ယူခဲ့သည့် နိုင်ငံဖြစ်ပြီး အဆိုပါကာလအတွင်း ဆန်တန်ချိန် ၁၁၄,၅၅၆ တန်နှင့် ဆန်ကွဲတန်ချိန် ၁၅၈,၆၉၀ တန် ဝယ်ယူခဲ့ကြောင်း သိရသည်။
မြန်မာ့ဆန်ကွဲကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် အခြားနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ အများစုကို တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆန်စပါးသည်အများဆုံးစိုက်ပျိုးသော သီးနှံဖြစ်ပြီး ယင်းနောက်တွင် ပဲနှင့် ပဲမျိုးစုံကို စိုက်ပျိုးကြောင်းသိရသည်။ (Xinhua)