Connect with us

Business

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၁၁ .၇၇ ရာခိုင်နှုန်း တိုးတက်

တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ်ဂိတ်အားတွေ့ရစဉ် (ဓာတ်ပုံ -ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်းသွင်းကုန်နှင့် ပို့ကုန်မှာ ၁၁.၇၇ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃. ၉၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဧပြီ ၁၂ ရက် တွင်ပြောသည်။
၂၀၂၂ ခုနှစ် အလားတူကာလအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၀.၃၅ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆.၅၇ ဘီလီယံကျော်ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇.၃၄ ဘီလီယံကျော်ရှိကြောင်း သိရသည်။

ယင်းဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်း မှ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅.၃၅ ဘီလီယံကျော်ရှိပြီး နယ်စပ်ကုန်သွယ်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈.၅၇ ဘီလီယံကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းရှိသောကြောင့် နိုင်ငံခြားကုန်သွယ်မှုကို ပင်လယ်ရေကြောင်းဖြင့် အများဆုံးကုန်သွယ်လေ့ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယတို့မှာ မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံက လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ တွင်းထွက်နှင့် သစ်တောထွက်ပစ္စည်းများ၊ ထုတ်ကုန်ပစ္စည်းများကို အခြားနိုင်ငံများကို တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)