Connect with us

Business

မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်မှု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၁၂.၁၉ ရာခိုင်နှုန်း တိုးတက်

ရန်ကုန်မြို့ စက်မှုဆိပ်ကမ်းတစ်ခုရှိ ကွန်တိန်နာများကို ၂၀၁၇ ခုနှစ်၊ ဧပြီ ၁၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅.၃၅ ဘီလီယံကျော်ရရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၂.၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးကြောင်း သိရသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ပင်လယ်ရေကြောင်းမှ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀. ၄၈ ဘီလီယံကျော်ရှိပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၈၆ ဘီလီယံကျော်ရှိကြောင်း သိရသည်။
ယင်းဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈ .၅၇ ဘီလီယံကျော် အပါအဝင် စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ၃၃ .၉၂ ဘီလီယံကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့် နိုင်ငံခြားကုန်သွယ်မှုအများစုကိုပြုလုပ်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးများပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ကျောက်မျက်ရတနာများ၊ သစ်တောထွက်ပစ္စည်းများ၊ ကုန်ထုတ်ကုန်ပစ္စည်းများနှင့် အခြား စက်မှုထုတ်ကုန်များ၊ အလယ်အလတ်ကုန်စည်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.