Connect with us

Business

မြန်မာနိုင်ငံသည် လျှပ်စစ်ကားများ၊ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများကို ၂၀၂၄ ခုနှစ် မတ်လအထိ အခွန် ကင်းလွတ်ခွင့်ပြု

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်က ကျင်းပပြုလုပ်ခဲ့သော ကားအရောင်းပြပွဲတွင် တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဘက်ထရီသုံးလျှပ်စစ်ကား (BEVs) များ သုညရာခိုင်နှုန်းအခွန်ကင်းလွတ်ခွင့်ကို ၂၀၂၄ မတ် ၃၁ ရက်အထိ တစ်နှစ်သက်တမ်းတိုးခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်က ကျင်းပပြုလုပ်ခဲ့သော ကားအရောင်းပြပွဲတွင် တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်က ကျင်းပပြုလုပ်ခဲ့သော ကားအရောင်းပြပွဲတွင် တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်းက “လျှပ်စစ်ကား တွေကို အခွန်ကင်းလွတ်ခွင့်ထုတ်ပြန်ခဲ့သလို ကားတင်သွင်းခွင့်လိုင်စင်တွေ ထပ်ချပေးရင်တော့ EV ကားတွေပေါပေါများများတွေ့နိုင်မှာပါ’’ ဟုဆင်ဟွာသို့ မေ ၃ ရက်တွင်ပြောသည်။

ယမန်နှစ်နိုဝင်ဘာလတွင် ပထမဆုံးချမှတ်ခဲ့သော BEVs များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းမှာ ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည်။
လျှပ်စစ်ကားများ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်း အခွန်များကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် သုည ရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ပါရှိသည်။ နိုင်ငံအတွင်း လျှပ်စစ်ကားများအသုံးပြုမှုကို အားပေးရန်နှင့် လျှပ်စစ်ကား လုပ်ငန်းများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ သုညရာခိုင်နှုန်းအခွန်ကင်းလွတ်ခွင့်တွင် Completely Built Up (CBU)၊ Completely Knocked Down (CKD) နှင့် Semi-Knocked Down (SKD) စနစ်ဖြင့် တင်သွင်းလာသော BEV များဖြစ်သည့် လမ်းလယ်ထွန်စက်များ၊ ခရီးသည်တင်ယာဉ်များ၊ ထရပ်ကားများ၊ သုံးဘီးယာဉ်များ၊ လျှပ်စစ်ဆိုင်ကယ်များ၊ လျှပ်စစ်စက်ဘီးများ၊ လူနာတင်ယာဉ်များ၊ ထောင်ကားများနှင့် နိဗ္ဗာန်ယာဉ်များ ပါဝင်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာ လျှပ်စစ်မော်တော်ယာဉ် (EV) ရှေ့ပြေးစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး EV တင်သွင်းခြင်းနှင့် အားသွင်းစခန်းများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117