Business
မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု ဧပြီလတွင် ၄၇,၈၈၈ တန်အထိတင်ပို့နိုင်
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံမှ ဆန်စပါးကို ၄၇,၈၈၈ တန်ချိန် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်၊ ကာလတူတွင် ၁၄၄,၀၃၄.၈၆၆ တန်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။
ဧပြီလတွင် ဆန်ကွဲတန်ချိန် ၃၉,၇၆၀ တန် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် ဧပြီလတွင် ၁၀၆,၉၁၂ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ဧပြီလတွင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန် ၈,၀၅၀တန်ကိုဝယ်ယူခဲ့ကာ ဆန်အများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ခဲ့ပြီး ၊ အဆိုပါကာလအတွင်း ဘယ်လ်ဂျီယံနိုင်ငံမှ ဆန်ကွဲ ၁၅,၇၂၅ တန် ဝယ်ယူခဲ့ပြီး ဆန်ကွဲအများဆုံးဝယ်သည့်နိုင်ငံဖြစ်ခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွွွဲကို ပင်လယ်ရေကြောင်းမှ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၂.၂ သန်းတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃.၄၇၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စပါးသည် အဓိကလယ်ယာထွက်ကုန်ဖြစ်ပြီး ၎င်း၏နောက်တွင် ပဲနှင့် ပဲတီစိမ်းမှ အဓိက လယ်ယာထွက်ကုန်များဖြစ်ကြောင်း သိရသည်။ (Xinhua)