Connect with us

Business

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှာ ပဲတီစိမ်းတန်ချိန် ၇၀၀,၀၀၀ နီးပါးတင်ပို့နိုင်ခဲ့

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းနမူနာများကို ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်ကရိုက်ကူးထားသော ဓာတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း ၆၉၁,၃၉၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈၉ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းများကို စိစစ်ရွေးချယ်နေသော အလုပ်သမားများအား၂၀၂၃ ခုနှစ်၊ မတ် ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် ဆန်ကုန်သည်များအသင်းမှ အကြံပေးဦးစိုးဝင်းမောင်က “ပဲတွေထဲမှာတော့ ပဲတီစိမ်းနဲ့ မတ်ပဲကတင်ပို့မှု အများဆုံးပဲ။အဲဒီနောက်မှာပဲစဉ်းငုံလိုက်တယ်ပေါ့။ ပဲတီစိမ်းက နိုင်ငံအတွက် အရေးကြီးတဲ့ပို့ကုန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပဲတီစိမ်းက ဒီနှစ်မှာဆိုရင်လည်း နိုင်ငံဖွံ့ဖြိုးရေးရံပုံငွေဆိုပြီးစီမံကိန်းတွေလုပ်ခဲ့တယ်။ အဲဒီပဲတီစိမ်းတွေက အခုဆိုထွက်နေပြီ။ ဒါကြောင့် ဒီနှစ်မှာဆိုရင် ပဲတီစိမ်းကို ပိုတင်ပို့နိုင်မယ်လို့ထင်ပါတယ်’’ ဟု ဆင်ဟွာကို ယနေ့ မေ ၄ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ဧပြီ ၁ ရက်မှ စတင်ပြီး မတ် ၃၁ ရက်တွင် ကုန်ဆုံးကြောင်း သိရသည်။ အဆိုပါကာလအတွင်း ပဲတီစိမ်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ၅၃၂,၁၄၉ တန် ၊နယ်စပ်ဂိတ်များနှ တစ်ဆင့် ၁၅၉,၂၄၉ တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ဥရောပသမဂ္ဂနိုင်ငံများကို တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပဲတီစိမ်းအပါအဝင် ပဲနှင့် ပဲမျိုးစုံကို ၁.၉ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး၊ ယင်းမှ အမေရိကန်ဒေါ်လာ ၁.၄၇ ဘီလီယံဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

ပဲတီစိမ်းတင်ပို့မှုသည် ပဲနှင့် ပဲမျိုးစုံ အမျိုးအစား ၂၀ကျော် ထဲတွင် အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်းနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် စပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသော သီးနှံဖြစ်ကာ နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117