Stock Market
၂၀၁၅ ခုနှစ်တွင် အမေရိကန်စတော့ အမြင့်ဈေးနှုန်းနှင့် ဖွင့်

နယူးယောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
နှစ်သစ်ကူးနေ့တွင် အမေရိကန်စတော့ ဈေးကွက်ပိတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် အပြီးသပ်တွင် အမေရိကန် စတော့ဈေးနှုန်း အားကောင်းစွာ အကောင်းဘက်သို့ ပြန်လည်ဦးတည်ခဲ့သည်။
၂၀၁၄ခုနှစ်တွင် ဒေါင်ဂျုန်း (Dow Jones) စက်မှုလုပ်ငန်းသည် ပျမ်းမျှ ၇ ဒဿမ ၅ ရှိခဲ့ပြီး S&P 500 သည် ၁၁ ဒဿမ ၄ ရာခိုင်နှုန်း နှင့် Nasdaq သည် ၁၃ ဒဿမ ၄ ရာခိုင်နှုန်း ရှိသည်။
ယခုနှစ် အမေရိကန် စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် The Federal Reserve မှသတ်မှတ်သော အခြေခံအတိုးနှုန်း ပြောင်းလဲမှုအပေါ် အာရုံစူးစိုက်လာနေသည်။
စီးပွားရေး စာမျက်နှာတွင် ဘဏ္ဍာရေး အချက်အလက်များ၏ ဖော်ပြချက်အရ အမေရိကန် ကုန်ထုတ်လုပ်မှုများ၏ ထုတ်လုပ်သည့်ပမာဏ သည် ပြီးခဲ့သည့်ဒီဇင်ဘာလ၌ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
ပြီးခဲ့သည့်ရာသီများတွင် အမေရိကန် ထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာ၏ ညွှန်းကိန်းအရ (PMI) နိုဝင်ဘာလတွင် ၅၄ ဒဿမ ၈ မှ ဒီဇင်ဘာလတွင် ၅၃ ဒဿမ ၉ အထိ ကျဆင်းခဲ့သော်လည်း ဇန်နဝါရီလက စပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ၏ စီးပွားရေး အခြေအနေများကို ပျမ်းမျှ ထိန်းညှို နိုင်ခဲ့သည်။
စတော့ဈေး ပြန်ဖွင့်ပြီး အချိန်တိုအတွင်းမှာပင် Dow ၏ ဈေးနှုန်းများ ၁၁၀ ဒဿမ ၅၅ တိုးပြီး ၁၇,၉၃၃ ဒဿမ ၆၂ အထိမြင့်တက်ခဲ့သည်။ S&P သည်လည်း ၁၂ ဒဿမ ၃၁ တိုးပြီး ၂, ၀၇၁ ဒဿမ ၂၁ အထိ ဖြစ်သည်။ Nasdaqသည် ၃၈ ဒဿမ ၃၇ တိုးပြီး ၄,၇၇၄ ဒဿမ ၄၂ အထိ ပြန်လည် မြင့်တက်လာခဲ့သည်။ (Xinhua)
