Connect with us

World

ဘရာဇီး လေကြောင်းလိုင်း Azul မှ ၎င်း၏ အစုရှယ်ယာ ၂၃.၇ ရာခိုင်နှုန်းအား တရုတ်လေကြောင်းလိုင်း သို့ရောင်းချ

တရုတ် ဟိုင်နန် လေကြောင်းလိုင်း (HNA) မှ ပြေးဆွဲလျက်ရှိသော လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဂျနေးရိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီး လေကြောင်းလိုင်း Azul က ဘရာဇီး ရီအေ့စ်ငွေ ၁.၇ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၄၆၀ သန်း) တန်ဖိုးရှိ ၎င်း ကုမ္ပဏီ အစုရှယ်ယာ ၂၃.၇ ရာခိုင်နှုန်းအား တရုတ် ဟိုင်နန် လေကြောင်း (HNA) သို့ ရောင်းချခဲ့ကြောင်း နိုဝင်ဘာလ ၂၄ရက်နေ့က ကြေညာခဲ့သည်။

Azul သည် ဘရာဇီးနိုင်ငံ၏ တတိယမြောက် အကြီးဆုံး လေကြောင်းလိုင်း ဖြစ်ပြီး ၎င်း အား အမေရိကန် လူမျိုး ဒေးဗစ် ဂျီ-နီးလ်မန်း မှ ၂၀၀၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံ နှင့် ချုပ်ဆိုနိုင်ခဲ့သော စာချုပ်သည် Azul အား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေခြင်း၊ လေယာဉ်များ သက်တမ်းတိုးမှု ဆက်လက် ဆောင်ရွက် လာနိုင်ခြင်း၊ ခရီးသည်များ အတွက် ပိုမိုကောင်းမွန်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်း ပေးနိုင်ခြင်း စသည့် နည်းလမ်းများစွာဖြင့် အကျိုးပြုနိုင် ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှ သိရှိရသည်။

HNA အုပ်စု ၏ ဥက္ကဋ္ဌ တန်းရှန်တုန်း မှ ဘရာဇီးသို့ ခရီးသွားလာနေကြသော ၎င်း လေကြောင်းလိုင်း၏ ခရီးသည်များအား ရွေးချယ်စရာများနှင့် အဆင်ပြေမှုများအား ဆောင်ကြဉ်း ပေးနိုင်ရန် အတွက် Azul နှင့် ပူးပေါင်းရခြင်း အပေါ် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက် တွင် ပြောကြားခဲ့သည်။

Azul သည် Embraer လေယာဉ် ဝယ်ယူရန် အတွက် မေလတွင် တရုတ် နိုင်ငံ စက်မှု လုပ်ငန်းနှင့် စီးပွားရေး ဘဏ် (ICBC) မှ အမေရိကန် ဒေါ်လာ ၂၀၀ သန်း ချေးယူခဲ့ပြီး ထိုအကြောင်းအရာ အား တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဘရာဇီးသို့လာရောက် လည်ပတ်ချိန်တွင် ကြေညာ ခဲ့ကြောင်းသိရသည်။

ဘရာဇီးနေ့စဉ် သတင်းစာ O Globo မှ အဆိုပါ စာချုပ်သည် ကမ္ဘာ့ အကြီးဆုံး လေကြောင်း ဈေးကွက် နှစ်ခုအား ပေါင်းစည်း သွားစေပြီး ဘရာဇီး နိုင်ငံ နှင့် တရုတ် နိုင်ငံ ၏ လေကြောင်း သွားလာမှု အား ကောင်းကျိုးများ ဖြစ်ထွန်း စေနိုင်ကြောင်း ဖော်ပြခဲ့သည်။

Azul သည် ယခု လက်ရှိတွင် လေယာဉ် ခရီးစဉ် ၉၀၀ ခန့်ဖြင့် မြို့ပေါင်း ၁၀၀ ကျော်သို့ ပြေးဆွဲနေပြီး HNA သည်လည်း တရုတ် ၏ စတုတ္ထမြောက် အကြီးဆုံး လေကြောင်းလိုင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.