Connect with us

World

အိုပက် (OPEC) အစည်းအဝေး မတိုင်မီ ရေနံ ဈေးနှုန်း တည်ငြိမ်

အီရန် စွမ်းအင်ဝန်ကြီး ဘီဂျင် ဇန်ဂန်း (ယာ) အား တီဟီရန်၌ ကျင်းပသည့် သဘာဝ ဓာတ်ငွေ့ တင်ပို့သည့် နိုင်ငံများ အစည်းအဝေးတွင် နိုဝင်ဘာလ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ဒီဇင်ဘာလ ၄ ရက် ဗီယင်နာတွင် ပြုလုပ်ရန်ရှိသည့် အိုပက် (OPEC) အစည်းအဝေး မတိုင်မီတွင် ရေနံဈေးနှုန်း တည်ငြိမ်လျက် ရှိကြောင်း သိရသည်။

အီရန် စွမ်းအင်ဝန်ကြီး ဘီဂျင် ဇန်ဂန်းက အိုပက် (Organization of the Petroleum Exporting Countries= OPEC) အဖွဲ့ဝင်များအား တစ်နေ့လျှင် ရေနံစည် သန်း ၃၀ အမြင့်ဆုံး သတ်မှတ်ချက်ထား လုပ်ဆောင်ရန်နှင့် အီရန်နိုင်ငံ ထုတ်ကုန်များနှင့် ပတ်သက်၍ လာမည့်နှစ်တွင် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများအား လျှော့ချ ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ပြောသည်။

အိုပက် အနေဖြင့် ဇွန်လ အစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်နေ့လျှင် ရေနံစည် သန်း ၃၀ ထွက်ရှိမှုအား ထိန်းသိမ်းထားသည်။ အိုပက် အဖွဲ့၏ ရေနံစိမ်း ထုတ်လုပ်မှုက ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်း ဝန်းကျင် ခန့်ရှိသည်။
အိုပက် ရေနံစိမ်း ထုတ်လုပ်မှုသည် အောက်တိုဘာလ အတွင်း တစ်နေ့လျှင် ပျမ်းမျှ ရေနံစိမ်းစည် ၃၁.၃၈ သန်း ရှိကြောင်း အိုပက်၏ လစဉ် ရေနံ ဈေးကွက် အစီရင်ခံစာ အရ သိရသည်။
လေ့လာ ဆန်းစစ်သူများ အဆိုအရ ယခုပြုလုပ်မည့် အစည်းအဝေးတွင် ရေနံဈေးနှုန်း မြင့်မားမှု မရှိသော်လည်း ရေနံ ထုတ်လုပ်မှုအား ဖြတ်တောက်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.