World
တရုတ်နိုင်ငံ Red Sun အုပ်စုမှ ဗြိတိန်နိုင်ငံ ကိုဗန်ထရီ ရှိ မော်တော်ကား ကုမ္ပဏီတွင် အမေရိကန် ဒေါ်လာ ၄၅၈ သန်း မြှုပ်နှံမည်

လန်ဒန်၊ နိုဝင်ဘာလ ၂၁ရက် (ဆင်ဟွာ)
တရုတ် အကြီးစား ထုတ်လုပ်ရေး Red Sun အုပ်စု မှ လာမည့် ငါးနှစ်အတွင်း ဗြိတိန် နိုင်ငံ အလယ်ပိုင်း စက်မှုမြို့တော်ဖြစ်သည့် ကိုဗန်ထရီ မြို့ရှိ မော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်ရေး CAD CAM Automotive (CCA) ၌ အမေရိကန်ဒေါ်လာ ၄၅၈ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဟု နိုဝင်ဘာလ ၂၀ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ မှုသည် အင်္ဂလန်နိုင်ငံ အလယ်ပိုင်းဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်း အသစ် ၁,၀၀၀ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ကနဦး အနေဖြင့် အမေရိကန် ဒေါ်လာ ၇၆ သန်း ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကာ စွမ်းအင်အသစ် ရှာဖွေရေး နှင့် တိုးတက်ဖွံ့ဖြိုးမှု စင်တာများကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်၏ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ အများစု သည် နိုင်ငံ အလယ်ပိုင်းဒေသတွင် တည်ရှိကြောင်း သိရသည်။ CCA ၏ မန်နေဂျင်း ဒါရိုက်တာ မာတင်ဝီလာ က CCA ၏ လက်ရှိဖွံ့ဖြိုးရေး အစီအစဉ် ကို လမ်းခင်းပေးနိုင်မည့် ရင်းနှီးမြှုပ်နှံ စာချုပ် အား လက်ခံပေးနိုင်ရန်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။
Red Sun အုပ်စု သည် တရုတ် နိုင်ငံ ၏ ထိပ်တန်း ကုမ္ပဏီ ၁၀၀ တွင်ပါဝင်ပြီ း ဝန်ထမ်းပေါင်း ၇,၀၀၀ကျော် ခန့်အပ်ထားကာ အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်ဖြင့် လည်ပတ်နေကြောင်းသိရသည်။
Red Sun အုပ်စု၏ ဥက္ကဋ္ဌ ရန်းစုန့်ဟောင် မှ Red Sun သည် နည်းပညာ အသစ်များ ဆိုင်ရာ၌ တရုတ် နှင့် ကမ္ဘာပေါ်တွင် ရှေ့ဆောင်ဖြစ်ရန် လုပ်ဆောင်နေပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ထိပ်တန်း ကုမ္ပဏီ ၅၀၀ ထဲ၌ ပါဝင်နိုင်စေရန် ဦးတည်ဆောင်ရွက်နေကြောင်း၊ CCA သည် ကုန်ကြမ်း ရှာဖွေထောက်ပံ့ရေးနှင့် ကုန်ချော ထောက်ပံ့ရေး ကုမ္ပဏီ များနှင့်အတူ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများအား မြှင့်တင်သွားမည်ဖြစ်ပြီး အပိုဆောင်းထောက်ပံ့မှုများအတွက် ကုန်ပစ္စည်းထောက်ပံ့မှု အရင်းအမြစ် ဖွံဖြိုးတိုးတက်မှု အားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)