Connect with us

World

၇ ကြိမ်မြောက် တရုတ် စီးပွားရေး ကမ္ဘာ့ ထိပ်သီး အစည်းအဝေး လန်ဒန်တွင် ကျင်းပ

၆ ကြိမ်မြောက် တရုတ် စီးပွားရေး ကမ္ဘာ့ ထိပ်သီး အစည်းအဝေးပွဲ အား တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ် ၁၂ လပိုင်းက ကျင်းပခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၇ ကြိမ်မြောက် တရုတ် စီးပွားရေး ကမ္ဘာ့ ထိပ်သီး အစည်းအဝေးအား နိုဝင်ဘာလ ၉ ရက် က လန်ဒန်မြို့တွင် ကျင်းပ ခဲ့ပြီး အရှေ့တောင်အာရှ၊ ဥရောပတို့နှင့် တရုတ်နိုင်ငံ အကြား ဆက်ဆံရေး ခိုင်မာစေရန် ဦးတည်ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် တိုက်ကြီး လေးတိုက်မှ ဟောပြော ဆွေးနွေးသူ ၄၀ ကျော်တို့က ဗဟုသုတများ အတွေ့အကြုံများအား ဝေမျှခဲ့ကြောင်း အစည်းဝေး ဥက္ကဌ နှင့် အာရှ မဟာဗျူဟာနှင့် ခေါင်းဆောင်မှု တက္ကသိုလ် အမှုဆောင် အရာရှိချုပ် တန်စရီ မစ်ချယ်က ပြောသည်။

တရုတ်၊ အရှေ့တောင် အာရှနှင့် ခေတ်သစ် ပိုးလမ်းမကြီး တို့၏ အဓိကကျသော ဦးတည်ချက်များအား အဆင့် မြှင့်တင်ခြင်းများအား တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။ တရုတ်နှင့် အရှေ့အာရှ အကြား စီးပွားရေး အောင်မြင်စွာ ချိတ်ဆက် နိုင်ရန် မည်သို့ လုပ်ဆောင်နိုင်မည်လဲ ဆိုသည့် အချက်အား ဆွေးနွေးခဲ့ကြ ကြောင်း သူက ပြောသည်။

တရုတ်၊ အရှေ့တောင်အာရှနှင့် ဥရောပမှ မူဝါဒ ချမှတ်သူများနှင့် စီးပွားရေး ခေါင်းဆောင်များက တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုနှင့် ကမ္ဘာပေါ် သက်ရောက်မှုများအား ဝေဖန် သုံးသပ် ဆွေးနွေးကြပြီး အရှေ့တောင်အာရှ ၏ လျင်မြန်စွာ ကြီးထွားလာလျက်ရှိသော ဈေးကွက်တွင် အခွင့်အရေး တစ်ရပ်လည်း ဖြစ်ကြောင်း Asia House ဥက္ကဋ္ဌ Sir John Boyd က ပြောသည်။

လတ်တလောတွင် ဗြိတိန် နိုင်ငံသည် တရုတ် ကုမ္ပဏီများ၏ ရပ်ဝေး မြေခြား အဓိက ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံ ဖြစ်ပြီး ဗြိတိန် နိုင်ငံတွင် တရုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာလည်း လွန်ခဲ့သောနှစ်များတွင် ပမာဏ ကြီးမားစွာ တိုးတက်လျက် ရှိနေသည်။

ထိုအစည်းအဝေးသည် အာရှ ပစိဖိတ်ဒေသ ပြင်ပတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး နှစ်ပတ်လည် အစည်းအဝေးတွင် မူဝါဒ ချမှတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သုတေသီများနှင့် အတွေးအခေါ် ခေါင်းဆောင် ၂၀၀ ကျော်က “China and the World: Forging Euro-Asian Partnerships towards Shared Prosperity” ဟူသည့် ဆိုလိုရင်းနှင့် စပ်ဆိုင်သည့် ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.