Culture & Entertainment
နွေဦးပွဲတော် ကာလအတွင်း ပေကျင်းမြို့သို့ ခရီးသွားဧည့်သည် ၁၈၀,၀၀၀ ဦး ဝင်ရောက်ခဲ့

ပေကျင်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ပန်းဥယျာဉ်ပေါင်း ၁၁ ခုနှင့် တရုတ်နိုင်ငံ ပန်းအလှစိုက်ခင်းနှင့် ပန်းဥယျာဉ်ပြတိုက်သို့ လာရောက် ကြည့်ရှုသည့် ခရီးသွား ဧည့်သည် အရေအတွက်မှာ နွေဦးပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူး၏ ပထမဆုံးနေ့ ဖြစ်သော ဇန်နဝါရီလ ၂၈ ရက်တွင် ၁၈၀,၀၀၀ ဦး ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း မြို့ရှိ ပန်းဥယျာဉ်များတွင် ပြုလုပ်သည့် နွေဦးပွဲတော် ကာလအတွင်း ဆောင်းရာသီ အားကစားပွဲများနှင့် ပန်းပြပွဲများ အပါအဝင် ပြိုင်ပွဲများနှင့် လှုပ်ရှားမှုများစွာ ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း Hubei ပြည်နယ်တွင် နွေဦးပွဲတော် ဖျော်ဖြေပွဲများအား တွေ့ရစဉ် (ဆင်ဟွာ)
Taoranting ပန်းဥယျာဉ်သို့ ဝင်ရောက်သည့် ဧည့်သည် ဦးရေ ၄၀,၀၀၀ ရှိပြီး Temple of Heaven နှင့် Summer Palace သို့ ဧည့်သည် ၃၀,၀၀၀ ဦး ဝင်ရောက်ခဲ့ကြောင်း ပေကျင်း ပန်းဥယျာဉ်များရုံးထံမှ သိရသည်။
နွေဦး ပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးပါသော ပွဲတော် တစ်ခု ဖြစ်သည်။ (Xinhua)