Connect with us

Culture & Entertainment

နှစ်ပေါင်း ၆,၀၀၀ သက်တမ်းရှိ သင်္ချ ိုင်း တရုတ်နိုင်ငံ အနောက်မြောက်ဘက်မှာ တူးဖော်တွေ့ရှိ


ရှီးအန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

လူပေါင်း ၂,၀၀၀ ကျော်အား မြှုပ်နှံထားသည်ဟု ခန့်မှန်းရသော သက်တမ်း နှစ်ပေါင်း ၆,၀၀၀ ရှိသော သင်္ချ ိုင်းတစ်ခုအား တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ ရှန်ရှီးပြည်နယ်၌ တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက ပြောကြားလိုက်သည်။

အဆိုပါ သင်္ချ ိုင်းသည် ၉၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းကာ Yangguanzhai အပျက်အစီးများ အနီး၌ တည်ရှိကြောင်း၊ မြစ်ဝါမြစ် အလယ်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် Yangshao ဟု ခေါ်တွင်သော ကျောက်ခေတ် နှောင်းပိုင်း ယဉ်ကျေးမှု တစ်ခုက သင်္ချ ိုင်း တစ်ခု ဖြစ်ကြောင်း၊ တရုတ် ယဉ်ကျေးမှု၏ အဓိက ရှေးဟောင်း နေရာတစ်ခုဟု ယူဆနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှန်ရှီးပြည်နယ်ရှိ နှစ်ပေါင်း ၆၀၀၀ သက်တမ်းရှိသော ရှေးဟောင်း သင်္ချ ိုင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းသည် Yangshao ယဉ်ကျေးမှု ကာလက အကြီးဆုံး သင်္ချ ိုင်း တစ်ခု ဖြစ်ကြောင်း ရှေးဟောင်း အမွေအနှစ် တူးဖော်ရေး လုပ်ငန်း ခေါင်းဆောင် ဝမ်ဝေလင်းက ၂၀၁၆ ခုနှစ်အတွင်း တွေ့ရှိခဲ့သော ရှေးဟောင်း သုတေသနဆိုင်ရာ ရှာဖွေ တွေ့ရှိမှု အသစ်များ ဟောပြောပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ နေရာအား ၂၀၁၅ ခုနှစ်ကတည်းက ရှန်ရှီး ပြည်နယ်ဆိုင်ရာ ရှေးဟောင်း သုတေသန တက္ကသိုလ် ရှေးဟောင်း သုတေသန ပညာရှင်များက တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတုရန်းမီတာ ၁,၉၀၀ ကျော် တူးဖော်ပြီးသည့်နောက် သင်္ချ ိုင်း ၁၈၂ လုံးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“နှစ်ပေါင်း ၆,၀၀၀ ကျော် သက်တမ်းရှိတဲ့ အများပြည်သူဆိုင်ရာ သင်္ချ ိုင်းကြီး တစ်ခုကို တွေ့ဖို့ဆိုတာ အတော်လေး ခဲယဉ်းပါတယ်” ဟု အဆိုပါ တက္ကသိုလ်၏ တွဲဖက် သုတေသီ ယန်လီဟွာက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.