Connect with us

Culture & Entertainment

မြန်မာ နိုင်ငံတွင် ပညာသင်ကြားနေသည့် တရုတ် နိုင်ငံ ကျောင်းသား/သူ များအတွက် တရုတ် နှစ်သစ်ကူး စုံညီပွဲတော် တစ်ရပ် ကျင်းပ

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ အခမ်းအနားတွင် မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ တွင် လာရောက် ပညာသင်ကြားနေသည့် တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များ ၊ တရုတ် နိုင်ငံ မှ လာရောက် ပညာသင်ကြား ပေးနေသည့် ဆရာ/ဆရာမ များ နှင့် တရုတ် စာပေ ပို့ချရေး တွင် ပါဝင် ဆောင်ရွက်ပေးနေသည့် စေတနာ ဝန်ထမ်း များအတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က သံအမတ်ကြီး အိမ်တော်တွင် တရုတ် ရိုးရာ နှစ်သစ်ကူး ပွဲတော် အတူတကွ ပါဝင်ဆင်နွှဲစေရန် အတွက် စုံညီပွဲတော် တစ်ရပ် ကို ဖေဖော်ဝါရီ ၃ ရက်နေ့ညတွင် ကျင်းပ ပြုလုပ်ပေးခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး မစ္စတာ ချန်းချန် ၊ စီးပွားရေး သံမှူး ၊ ယဉ်ကျေးမှု သံမှူး နှင့် အခြား သက်ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး တာဝန်ရှိသူ အသီးသီး တို့မှ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များမှ ကိုယ်စားလှယ် များလည်း တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံရောက် တရုတ် ကျောင်းသားများ သုတေသီများ အသင်း (ရန်ကုန်)၏ ခေါင်းဆောင်များအား ရာထူး ခန့်အပ်လွှာများအား ပေးအပ်စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံတွင် ပညာသင်ကြားနေသည့် တရုတ် နိုင်ငံ ကျောင်းသား/သူ များအတွက် ကျင်းပသည့် တရုတ် နှစ်သစ်ကူး စုံညီပွဲ မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ယခု အကြိမ်ကျင်းပ သည့် တရုတ် ရိုးရာ နှစ်သစ်ကူး စုံညီပွဲ ကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူ များသည် ယခင်နှစ်ထက် ပိုမိုများပြားလာခဲ့ပြီး မြန်မာ ဘာသာစကားကို သင်ယူနေသည့် ကျောင်းသား များ ပိုမို များပြားလာသည် ကို သိရှိရသည့် အတွက် ဝမ်းမြောက်ကြောင်း ၊ ယခု အခမ်းအနား တက်ရောက် ခဲ့သည့် ကျောင်းသား/သူများ သည် နောင်တစ်ချိန်တွင် တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး တွင် အလွန် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာမည့် သူများ ဖြစ်ကြောင်း ၊ ကျောင်းသား/သူများ အနေဖြင့် မိမိ တို့၏ လုံခြုံရေး ၊ ကျန်းမာရေး တို့ကို ဂရုစိုက်ရမည် ဖြစ်ပြီး ပညာကို ကြိုးစား သင်ယူကာ တရုတ် နိုင်ငံ ၏ ပုံရိပ်ကောင်များကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ မှ ကျောင်းသား/သူများသည် တရုတ် နိုင်ငံ ၏ အရပ်ဘက် သံတမန် ရေးရာ ဆောင်ရွက်သူများ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ်ပညာတော်သင် ကျောင်းသား/သူများ ၊ ပညာရှင်များ နှင့် ဒုတိယ အကြိမ် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံရောက် တရုတ် ကျောင်းသားများ သုတေသီများ အသင်း (ရန်ကုန်)၏ ခေါင်းဆောင်များအား ရာထူး ခန့်အပ်လွှာများအား ပေးအပ်ခဲ့သည်။

အခမ်းအနား ကို တက်ရောက် ခဲ့ကြသည့် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ မှ လုပ်ငန်း ကုမ္ပဏီ အသီးသီး မှ ကိုယ်စားလှယ် များက လည်း ကျောင်းသား/သူ များအား ပညာကို ကြိုးပမ်းအားထုတ် သင်ယူကြပြီး နောင်တစ်ချိန်တွင် မြန်မာ နိုင်ငံ၌ တာဝန်ထမ်းဆောင်သွားကြရန် ပြောကြားကာ တရုတ် နှစ်သစ်ကူး အတွက် နှစ်သစ် ဆုမွန်တောင်း စကားများ ပြောကြား ခဲ့ကြသည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ ရှိ ကျောင်းသား/သူ များမှ လည်း မိမိ တို့တက်ကျွမ်းရာ အဆို ၊ အက ၊ အတီး နှင့် ကျွမ်းကျင်ရာ ဖျော်ဖြေတင်ဆက်မှု များကို ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ ဧည့်ခံသည့် ညစာစားပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာ နိုင်ငံတွင် လာရောက် ပညာ သင်ကြားနေသည့် ကျောင်းသား/သူပေါင်း ၁၅၀ ဦး နှင့် မြန်မာနိုင်ငံတွင် လာရောက်ပညာသင်ကြားပို့ချပေးနေသည့် ဆရာ/ဆရာမ နှင့်စေတနာ ဝန်ထမ်း ၆၀ဦး စုစုပေါင်း ၂၁၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.