Culture & Entertainment
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က လက်မှုအတတ်ပညာလိုက်စားခြင်းအား အားပေး
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိင်ငံသမ္မတရှီကျင့်ဖိန်က လူငယ်လူရွယ်များအနေဖြင့် လက်မှုပညာရပ်ကို လေ့လာလိုက်စားကြရန် နှင့် တိုင်းပြည်အတွက် ထူးကဲသာလွန်သော စွမ်းဆောင်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းစကား ဆိုလိုက်သည်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ ရှီက ပြီးခဲ့သော လတွင် ရုရှားနိုင်ငံ ကာဇန်(Kazan) ၌ ကျင်းပသည့် ၄၅ ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှုပြိုင်ပွဲ(Worldskills)၌ ရလဒ်ကောင်းများ ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့သော တရုတ်နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်များအတွက်ပေးပို့သည့် ဂုဏ်ပြုစာလွှာ တစ်စောင်ထဲတွင် အထက်ပါအတိုင်း တိုက်တွန်းစကားဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)