Connect with us

Culture & Entertainment

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် “Journey to the West” ဝတ္ထုပါ ပန်းချီများ ရေးဆွဲထားသည့် လေယာဉ် ပထမဆုံးအကြိမ် ပျံသန်း


နန်ကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တန်မင်းဆက်ခေတ်က ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးဖြစ်သော ရွှန်ကျန့် (Xuan Zang) ၏ စွန့်စားခြင်းခရီးအား ပုံဖော်ထားသည့် ဂန္ထဝင်ဝတ္ထုတစ်အုပ်ဖြစ်သော “Journey to the West” ပါ ပန်းချီများအား လေယာဉ်တစ်စင်းပေါ်တွင် ရေးဆွဲထားခဲ့သည်။

အဆိုပါ ဝတ္ထုရှိ အမြဲနှစ်သက်အားပေးကြသော ဇာတ်ကောင် မျောက်မင်း (Monkey King) နှင့် Huaguoshan တောင်၏ ပုံရိပ်များ ရေးဆွဲထားသည့် “Journey to the West” ပုံရိပ်များဖြင့် ခြယ်မှုန်းထားသည့်လေယာဉ်အား သီတင်းပတ်ကုန်က မိတ်ဆက်ခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် လျန်ယွင့်ကန်မြို့ ပြန်ကြားရေးဌာန ပြောကြားချက်အရ သိရသည်။

“Journey to the West” ဝတ္ထုပါပုံရိပ်များ ရေးဆွဲထားသည့် လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းဝတ္ထုတွင် ပါရှိသည့် မက်မွန်သီးများနှင့် အတိတ်နမိတ်ကောင်းသော တိမ်များ စသော အခရာကျသည့်ပစ္စည်းများကို လေယာဉ်၏အလှဆင်မှုအတွင်း ပေါင်းစည်းထားသည့် ထိုလေယာဉ်မှာ ပေကျင်းမြို့မှ လျန်ယွင့်ကန်မြို့သို့ ပျံသန်းထွက်ခွာခဲ့သည်။

ရောင်စုံခြယ်လေယာဉ်သည် လျန်ယွင့်ကန်မြို့၏ ခရီးသွားလုပ်ငန်း မြှင့်တင်သည့်အနေဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်မှုများပြားသော ရှန်ဟိုင်း၊ ကွေ့ကျိုး၊ ရှန်းကျန့်၊ ရှမန်၊ ရှီးအန်းနှင့် ဂျပန်နိုင်ငံ အိုဆာကာမြို့များမှ လျန်ယွင့်ကန်မြို့အကြား ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ကျန်းစုပြည်နယ် မြောက်ပိုင်းရှိ လျန်ယွင့်ကန်မြို့တွင် Huaguoshan တောင်၊ ဂန္ထဝင်ဝတ္ထုပါ နာမည်ကျော် မျောက်မင်း၏အိမ် အပါအဝင် တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှု အဆင့်သတ်မှတ်ချက် 5A ရှိသော နေရာ ၄၂ ခုရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.