Connect with us

Culture & Entertainment

ပေကျင်း ဥယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲသို့ လာရောက်လေ့လာသူ ၁.၈ သန်းဆွဲဆောင်ထား


ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပေကျင်း နိုင်ငံတကာ ဥယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲ ၂၀၁၉ အား စတင်ဖွင့်လှစ်ခဲ့သည့် ဧပြီလ ၂၉ ရက်မှစ၍ လာရောက်လည်ပတ်သူ ၁.၈၁ သန်းကျော်ရှိခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပြပွဲ၏ အဓိကပြခန်းနေရာ ၄ ခုတွင် လေ့လာသူ ၄.၄၈ သန်းနီးပါးရှိပြီး တရုတ်နိုင်ငံပြခန်းတွင် ၁.၃၆ သန်းဝင်ရောက်ခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေးညှိနှိုင်းရေးဗျူရို လက်ထောက်ညွှန်ကြားရေးမှူး ယဲတာ့ဟွာက ပြောကြားခဲ့သည်။

ယင်းပြပွဲအား လှုပ်ရှားမှု ၆၇၅ ဖြင့် ကျင်းပခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုသူ စုစုပေါင်း ၉၁၀,၀၀၀ အား ဆွဲဆောင်ထားခဲ့ကြောင်း ယဲက ပြောခဲ့သည်။

ပေကျင်း နိုင်ငံတကာ ဥယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲ ၂၀၁၉ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း နိုင်ငံတကာ ဥယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲ ၂၀၁၉ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း နိုင်ငံတကာ ဥယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲ ၂၀၁၉ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

China Pavilion Day အား ဇွန်လ ၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း China Pavilion တာဝန်ရှိသူ ယူကျန်လုံကပြောခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပမှ ပါဝင်တက်ရောက်သူ ၉၅၀ ခန့်အား ပြဇာတ်တင်ဆက်မှုများအား ကြည့်ရှုရန်နှင့် ပြခန်းတွင် ပန်းပြပွဲအား လာရောက်လေ့လာရန် ဖိတ်ကြားထားကြောင်း ယူက ပြောခဲ့သည်။

တရုတ်နိုင်ငံ ပြခန်းသည် ခရီးသွားဧည့်သည်များ အများဆုံးလာရောက်လေ့လာရာ နာမည်ကျော်နေရာများအနက် တစ်ခုဖြစ်လာခဲ့ပြီး ပြပွဲဖွင့်လှစ်ခဲ့ချိန်ကစ၍ နေ့စဉ် ပျမ်းမျှ လာရောက်လေ့လာသူ ၄၁,၀၀၀ ဦးရှိခဲ့သည်။

“Live Green, Live Better” ဟူသောရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ထိုပြပွဲအား အောက်တိုဘာလ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပန်းများ၊ သစ်သီးပင်များ၊ တရုတ်တိုင်းရင်းဆေးမြစ်များ၊ ဥယျာဉ်ခင်းကျင်းမှု နည်းပညာများနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဉာဏ်များကို အကျယ်တဝင့် ခင်းကျင်းပြသထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.