Connect with us

Culture & Entertainment

တရုတ်ဘာသာစကားပြော “Mulan” ရုပ်ရှင်ဇာတ်ကားနမူနာ ဒစ္စနေး ပြသ

တရုတ်ဘာသာစကားပြော “Mulan” ရုပ်ရှင်ဇာတ်ကားပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

၁၉၉၈ ခုနှစ်က တရုတ်ရိုးရာပုံပြင်အား အခြေခံကာ “Mulan” အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည့် တရုတ်ဘာသာစကားပြောရုပ်ရှင်နမူနာအား Walt Disney Pictures က ပြသလိုက်ကြောင်း သိရသည်။

လျူယိဖေး (Liu Yifei) ၊ ဒန်နီယန်း (Donnie Yen) ၊ ဂျက်လီ (Jet Li) နှင့် ကုံလိ (Gong Li) တို့အပါအဝင် တရုတ် မင်းသားနှင့် မင်းသမီးများ ပါဝင်သရုပ်ဆောင်ထားသည့် အဆိုပါ ရုပ်ရှင်တွင် ငယ်ရွယ်သောမိန်းမပျိုလေးတစ်ဦးက ၎င်း၏ဖခင်ကိုယ်စား စစ်မှုထမ်းရန် အမျိုးသား သူရဲကောင်းတစ်ဦးအဖြစ် ရုပ်ဖျက်ကာ သရုပ်ဆောင်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

“Mulan” ရုပ်ရှင်အား ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများ၌ ၂၀၂၀ ခုနှစ် မတ်လတွင် ရုံတင်မည်ဖြစ်ကြောင်း ယင်းရုပ်ရှင် ထုတ်လုပ်သည့်ကုမ္ပဏီ Walt Disney Pictures ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.