Connect with us

Culture & Entertainment

၃၄ ကြိမ်မြောက် အနုပညာရပ် သမိုင်းကြောင်းဆိုင်ရာ ကမ္ဘာ့ ညီလာခံအား စက်တင်ဘာလတွင် တရုတ်နိုင်ငံ၌ ကျင်းပမည်

၃၄ ကြိမ်မြောက် အနုပညာရပ် သမိုင်းကြောင်းဆိုင်ရာ ကမ္ဘာ့ ညီလာခံ ပြုလုပ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

၃၄ ကြိမ်မြောက် အနုပညာရပ် သမိုင်းကြောင်းဆိုင်ရာ ကမ္ဘာ့ ညီလာခံအား စက်တင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံနှင့် ဒေသပေါင်း ၄၃ ခုမှ အနုပညာဆိုင်ရာ သမိုင်းပညာရှင်ပေါင်း ၃၀၀ နီးပါး၏ စာတမ်း ၁,၀၀၀ ခန့် လက်ခံကာ ညီလာခံ၌ ပြောကြားမည်ဟု သိရသည်။
ထို ညီလာခံအား အနုပညာ သမိုင်းကြောင်း အပြည်ပြည်ဆိုင်ရာ ကော်မတီ၊ တရုတ်နိုင်ငံ ဗဟို အဆင့်မြင့် အနုပညာ ကောလိပ်နှင့် ပီကင်း တက္ကသိုလ်တို့က ကမကထပြု ကျင်းပခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ အနုပညာ နှင့် ယဉ်ကျေးမှုအား မြှင့်တင်ပေးလိမ့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟို အဆင့်မြင့် အနုပညာ ကောလိပ် ကျောင်းအုပ်ကြီး Fan Di’an က သြဂုတ်လ ၃၀ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ သည်။
ယင်း ညီလာခံအား သက်တမ်းများ “Terms” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပမည် ဖြစ်ပြီး ပြတိုက်များ၊ ပြပွဲများနှင့် အနုပညာ မြှင့်တင်ခြင်းနှင့် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်း ကာကွယ်ခြင်း စသည့် ကဏ္ဍများ၌ နိုင်ငံရပ်ခြား၏ ဖွံ့ဖြိုးမှုများအား တရုတ်က လေ့လာနိုင်မည် ဖြစ်သည်။
များပြားလှသည့် ကျင့်ဝတ်များနှင့် နယ်ပယ်များမှ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်း ပညာရှင်များက မျက်မြင်တွေ့ရှိခြင်း၊ သရုပ်ဖော်တင်ပြခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် အနုပညာ လုပ်ငန်းများအား အမျိုးအစား သတ်မှတ်ခြင်း စသည့် နည်းလမ်းများအား ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ညီလာခံအား လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ကျော်ကတည်းက စတင် ပြုလုပ်ခဲ့ပြီး လေးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.