Connect with us

Culture & Entertainment

တရုတ်က ရေညစ်ညမ်းမှုအား တိုက်ဖျက်ရန် ယွမ် ၄၃၀ ဘီလီယံ အသုံးပြုမည်

ကန်စုပြည်နယ် ရှိ Liujiaxia ရေလှောင်တမံ အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နည်းပါးနေပြီဖြစ်သော ရေအရင်းအမြစ် ၏ အရည်အသွေးအား မြှင့်တင်ရန်ရည်ရွယ်သော စီမံကိန်း ၄,၈၀၀ ခန့်အတွက် တရုတ်ယွမ် ၄၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄.၆ဘီလီယံ) အသုံးပြုသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက သြဂုတ် ၇ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ငွေကြေးများအား ရေအရည်အသွေးကောင်းမွန်သည့် မြစ်နှင့်ရေကန်များ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သောက်သုံးရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ခြင်း၊ အဓိက ရေထိန်းသိမ်းထားသည့် နေရာများအား ထိန်းချုပ်ခြင်း နှင့် မြေအောက်ရေအရင်းအမြစ်များအား ကာကွယ်ခြင်းတို့လုပ်ဆောင်ရာ၌ အသုံးပြုသွားမည်ဖြစ်သည်။
ဝန်ကြီးဋ္ဌာန ၏ ပြောကြားချက်အရ စီမံကိန်းများ ၏ ပထမအသုတ်တွင် ကန်စုပြည်နယ် ရှိ Liujiaxia ရေလှောင်တမံ နှင့် ဟူနန်ပြည်နယ် ရှိ စန်းရှန့်ရေကန်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရေထုညစ်ညမ်းမှု ထိန်းသိမ်းခြင်း အစီအစဉ်အား ၂၀၁၅ ခုနှစ် ဧပြီလတွင် ပြဋ္ဌာန်းခဲ့ပြီး ညစ်ညမ်းမှုဖြစ်စေသည့် စက္ကူစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ ပိုးသတ်ဆေးထုတ်လုပ်သည့်လုပ်ငန်းများနှင့် အခြား စက်မှုလုပ်ငန်းများအား ၂၀၁၆ခုနှစ် မကုန်ခင် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်၌ပါရှိသည်။ (Xinhua)