Connect with us

Culture & Entertainment

ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဒင်္ဂါးပြားများကို တရုတ်နိုင်ငံ ထုတ်ဝေမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tacheng စီရင်စု Emin ခရိုင်ရှိ ညဈေးတစ်ခု၌ လည်ပတ်နေသူများကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ရွှေနှင့်ငွေ အထိမ်းအမှတ်ဒင်္ဂါးပြားများ ထုတ်ဝေမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်က စက်တင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။ရွှေဒင်္ဂါးတစ်ပြားနှင့် ငွေဒင်္ဂါးတစ်ပြား ပါ၀င်သည့် အဆိုပါအထိမ်းအမှတ်ဒင်္ဂါးတစ်စုံအတွက် တရုတ်နိုင်ငံတွင် တရားဝင် တင်ဒါခေါ်ယူမည်ဖြစ်သည်။ဒင်္ဂါးနှစ်ခုစလုံးတွင် တရုတ်၏နိုင်ငံတော် အမှတ်တံဆိပ်ကို ခေါင်းဘက်တွင် ခတ်နှိပ်မည်ဖြစ်ပြီး ယင်းအမှတ်တံဆိပ်အထက်တွင် တရုတ်ဘာသာဖြင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ” နှင့် အမှတ်တံဆိပ်အောက်တွင် ၂၀၂၅ ခုနှစ်ဟု ရိုက်နှိပ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

အဆိုပါဒင်္ဂါးများ၏ကျောဘက်ခြမ်း၌ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် တရားဝင်လိုဂိုကို သလဲသီးပွင့်များနှင့် အလှဆင်နွယ်ပန်းခက်ပုံစံများဖြင့် ဖြည့်စွက်ရိုက်နှိပ်ဖော်ပြမည် ဖြစ်သည်။ ထို့အပြင် “ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်” ဟု မန်ဒရင်းတရုတ်ဘာသာစကားနှင့် ရှင်းကျန်း (ဝေဂါ) ဘာသာစကား နှစ်မျိုးစလုံးဖြင့် ရေးထိုးမည်ဖြစ်ပြီး တန်ဖိုးရင်းကို ဖော်ပြမည်ဖြစ်သည်။၈ ဂရမ်ရှိ၍ ဝိုင်းသော ရွှေဒင်္ဂါးပြားက အချင်း ၂၂ မီလီမီတာနှင့် တန်ဖိုးရင်း ယွမ် ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာခန့်) ရှိမည်ဖြစ်ပြီး ၃၀ ဂရမ်ရှိ၍ ဝိုင်းသော ငွေဒင်္ဂါးကမူ အချင်း ၄၀ မီလီမီတာနှင့် တန်ဖိုးရင်း ၁၀ ယွမ်ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China to issue commemorative coins for Xinjiang Uygur Autonomous Region 70th anniversary
BEIJING, Sept. 16 (Xinhua) — The People’s Bank of China announced on Tuesday that it will issue a set of gold and silver commemorative coins on Sept. 19 to mark the 70th anniversary of the founding of Xinjiang Uygur Autonomous Region in northwest China.
The set, which consists of one gold coin and one silver coin, will be legal tender in China.
Both coins will feature China’s national emblem on the obverse side, with the inscription “People’s Republic of China” in Chinese above the emblem and the year 2025 below it, according to the central bank.
The reverse side of these coins will display the official logo for the 70th anniversary celebrations of Xinjiang Uygur Autonomous Region, complemented by pomegranate blossoms and decorative vine patterns. The design will also be inscribed with “70th Anniversary of the Founding of Xinjiang Uygur Autonomous Region” in both standard Chinese and the Uygur language, and will show the face value.
The 8-gram round gold coin will have a diameter of 22 millimeters and a face value of 100 yuan (about 14 U.S. dollars), while the 30-gram round silver coin will have a diameter of 40 millimeters and a face value of 10 yuan. ■
English Caption
People visit a night market in Emin County, Tacheng Prefecture, northwest China’s Xinjiang Uygur Autonomous Region, May 29, 2024. (Xinhua/Ding Lei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.