Connect with us

Social

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှစ်(၇၀)ပြည့် အထိမ်းအမှတ် နယ်စပ်ဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

 တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှစ်(၇၀)ပြည့်  အထိမ်းအမှတ်အဖြစ် နယ်စပ်ဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှစ်(၇၀)ပြည့် မြောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံသည့် နှစ်လည်းဖြစ်ရာ  နှစ်နိုင်ငံအကြား ပိုမိုချစ်ခင်ရင်းနှီးမှုရအောင် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို မြန်မာနိုင်ငံ မူဆယ်ဘက်မှ စတင်ကာ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲရှိ ရွှေလီမြို့ထိ ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ရက်အား တက်ဟုန်းပြည်နယ်ခွဲမှ ဒီဇင်ဘာလကုန်တွင် အကြောင်းပြန်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)