Connect with us

Social

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ရန်ကုန် မြို့ တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ

- တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား အား စက်တင်ဘာ ၁၉ ရက် ညပိုင်း အချိန် တွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ သက်ဆိုင်ရာ အစိုးရ ဌာန တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နိုင်ငံရေး ပါတီ အသီးသီး ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နိုင်ငံတကာ သံရုံးများ မှ ကိုယ်စားလှယ်များ ၊ မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် တရုတ် နိုင်ငံ အနေဖြင့် ၁၉၄၉ ခုနှစ် စက်တင်ဘာ ၁ ရက် တွင် စတင်ထူထောင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး တရုတ် နိုင်ငံ ၏ သမိုင်းစာမျက်နှာသစ် ကို ဖွင့်လှစ် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ခေါင်းဆောင်များ အနေဖြင့် တရုတ် နိုင်ငံ အား အခက်အခဲများစွာ ကျော်ဖြတ်စေခဲ့ကာ ပြန်လည်ရပ်တည်စေခြင်း ၊ ချမ်းသာကြွယ်ဝစေခြင်း နှင့် အင်အားတောင့်တင်းစေခြင်း စသည်ဖြင့် တစ်ဆင့်ခြင်း အကောင်အထည်ဖော် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က မည်သည့် အချိန်မှ မြန်မာ ၏ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ကို ပထမ ဦးဆုံး အသိအမှတ် ပြုခဲ့ခြင်း အပေါ် မေ့မည် မဟုတ်ကြောင်း ၊ ကုလသမဂ္ဂ တွင် မြန်မာ နိုင်ငံ မှ ဦးသန့် အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်စဉ် အတွင်း တရုတ် နိုင်ငံ ၏ ကုလသမဂ္ဂ ၌ တရားဝင် အနေအထား ရရှိရန် ထောက်ခံမဲ ပေးခဲ့ခြင်း အပေါ်လည်း မည်သည့် အချိန် မှ မေ့ပျောက်သွားမည် မဟုတ်ကြောင်း ၊ လာမည့် နှစ် က တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်ချိန် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သည်လည်း ခေတ်ကာလ အသစ် သို့ ရောက်ရှိတော့ မည် ဖြစ်ကြောင်း ၊ မိမိတို့ အနေဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး အား တိုးတက် ပြန့်ပွား အောင် ဆောင်ရွက်ပြီး “ရပ်ဝန်း နှင့် ပိုးလမ်းမ” နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ အား ခိုင်မြဲစွာ တွန်းအားပေး ဆောင်ရွက်ကာ အတူတကွ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး က နှစ် (၇၀) ပြည့် အခမ်းအနား ၌ မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နှစ် (၇၀) ပြည့် အခမ်းအနား ၌ မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားရာတွင် ယခု ချိန် က တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင် ခဲ့သည့် နှစ် ၇၀ ပြည့်ချိန်ဖြစ်ပြီး စတင်ထူထောင် ခဲ့ချိန် ၌ သံတမန် ဆက်ဆံရေး ပထမ ဦးဆုံး တည်ဆောက်ခဲ့သည့် နိုင်ငံ က မိမိ တို့ မြန်မာ နိုင်ငံ ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ က မည်သည့် အချိန် မှ ခွဲခွာ၍ မရ သည့် အိမ်နီးချင်း နိုင်ငံ များ ဖြစ်ကြပြီး လက်ရှိ အချိန် တွင် တရုတ် နိုင်ငံ က ကမ္ဘာ့အလယ် တွင် အောင်မြင်သည့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ခဲ့ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ ၏ ပူးပေါင်းဆောင်ရွက်မှု ကလည်း မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ တရုတ် ပြည်သူ့သမ္မတ ထူထောင်ပြီး နှစ်ပေါင်း ၇၀ ကျော် ဖြတ်သန်း လာခဲ့ပြီးနောက် လက်ရှိချိန်တွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံ အဖြစ် ရပ်တည် နိုင်ခဲ့ပြီး တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့်ချိန် မှ စတင်၍ အနာဂတ် တွင် ကမ္ဘာ့အလယ်၌ အောင်မြင်မှုများစွာ ဖြင့် ဝင့်ကြွားသည့် နိုင်ငံတစ်ခု ဖြစ်စေရန် ဆန္ဒပြုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် ပတ်လည် အခမ်းအနား က မြန်မာ နိုင်ငံ တွင် ကျင်းပ ပြုလုပ်လေ့ ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ မှ တက်ရောက်လေ့ရှိသည့် အခမ်းအနား တစ်ခု ဖြစ်သည်။ယခု နှစ် ကျင်းပ ပြုလုပ်သည့် အခမ်းအနား တွင် တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် နိုင်ငံ တကာ ဓာတ်ပုံပြပွဲ ၊ တရုတ်-မြန်မာ “ရပ်ဝန်း နှင့် ပိုးလမ်းမ” နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံအတူတကွ တည်ဆောက်ခြင်း နှင့် အောင်မြင်မှု ရလာဒ် ပြပွဲ ကိုလည်း ထည့်သွင်း ပြသ ခဲ့ကာ အခမ်းအနား သို့ နိုင်ငံတကာ သံရုံး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နိုင်ငံတကာ အဖွဲအစည်းများ နှင့် မြန်မာ နိုင်ငံ နယ်ပယ်အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း ၉၀၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117