Connect with us

Culture & Entertainment

တရုတ်နိုင်ငံသား ကြိုးတန်း လမ်းလျှောက်သမား Zhang သည် Tiger Leaping Gorge ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့

Jinsha မြစ်ကို ဖြတ်ကျော်နေသော တရုတ်နိုင်ငံသားကြိုးတန်းလမ်းလျှောက်သမား Zhang အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသား ကြိုးတန်း လမ်းလျှောက်သမား Zhang သည် ၂.၅ စင်တာ မီတာ လုံးပတ်မျှသာ ရှိသော ကြိုးတန်းပေါ်မှ လမ်းလျှောက်ကာ ဧပြီလ ၂၆ ရက်တွင် ယူနန် ပြည်နယ်ရှိ Tiger Leaping Gorge ပေါ်မှ မြစ်ကို ဖြတ်ကျော်၍ ( ကြိုးတန်း အပျော့ လမ်းလျှောက်မှု ) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Tiger Leaping Gorge သည် Jinsha မြစ်အတွင်း တည်ရှိနေသော အလွန် နက်ရှိုင်းသည့် သဘာဝ ချောက်ကမ်းပါးကြီး တစ်ခုဖြစ်ပြီး ၎င်းမြစ်သည် Yangtze မြစ် အပေါ်ပိုင်းမှ မြစ်ဖျားခံ စီးဆင်းလာသည့် မြစ်တစ်ခု ဖြစ်သည်။ Tiger Leaping Gorge ချောက်ကြီးသည် ကမ္ဘာပေါ်တွင် အခမ်းနားဆုံး နှင့် အန္တရာယ် အများဆုံး မြစ်အတွင်းရှိ ချောက်ကြီးများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါ ချောက်ကြီးသည် အရှည် ၁၅ ကီလိုမီတာခန့်ရှိပြီး ၅,၅၉၆ မီတာ အရှည်ရှိ ကျောက်စိမ်းနဂါး နှင်းတောင် နှင့် ၅,၃၉၆ မီတာ အရှည်ရှိ ဟဘ ( Haba ) နှင်းတောင် နှစ်ခုကြားမှ သွယ်တန်း စီးဆင်းလာသော အမြင့်၂,ဝဝဝ မီတာ မတ်စောက်သော ချောက်ကမ်းပါးကြီး ဖြစ်သည်။

Jinsha မြစ်ကို ဖြတ်ကျော်နေသော တရုတ်နိုင်ငံသားကြိုးတန်းလမ်းလျှောက်သမား Zhang အားတွေ့ရစဉ် (ဆင်ဟွာ)

Jinsha မြစ်ကို ဖြတ်ကျော်နေသော တရုတ်နိုင်ငံသားကြိုးတန်းလမ်းလျှောက်သမား Zhang အားတွေ့ရစဉ် (ဆင်ဟွာ)

Zhang Liang သည်အကျယ် ၆ဝ မီတာရှိ Gorge ချောက်ကမ်းပါး၏ အကျဉ်းဆုံး နေရာတွင်အမြင့် ၁၆ မီတာ အပေါ်မှနေ၍ စုစုပေါင်း ကြာချိန် ၅ မိနစ် ၅၈ စက္ကန့်ဖြင့် Tiger Leaping Gorge ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ခြင်း ဖြစ်သည်။ Zhang သည် ယခင်က Jinsha မြစ်ကို ကြိုးတန်း လမ်းလျှောက်၍ အကြိမ်ကြိမ် ဖြတ်ကျော်ရန် ကြိုးစားခဲ့ ဖူးသော်လည်း တစ်ကြိမ်မျှ အောင်မြင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခုနောက်ဆုံးတွင် သူ၏ စိန်ခေါ်မှုမှာ အရာထင်ခဲ့ပြီး ဖြစ်သည်။

“ ဒီနေ့တော့ ကျနော့် အိမ်မက်တွေ တကယ်ဖြစ်လာပါပြီ။ တခြား ပိုခက်ခဲတဲ့ အရာတွေကို ကြိုးစားကြည့်ဖို့တွန်းအားပေးလိုက် သလိုပါပဲ” ဟု Zhang ကဆိုသည်။ ကြိုးတန်း လမ်းလျှောက်ရာတွင် ကြိုးတန်း အမာထက် ကြိုးတန်း အပျော့ ( တွဲလဲကျနေသော ကြိုးတန်း ) လမ်းလျှောက်ခြင်းက ပို၍ ခက်ခဲကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.