Connect with us

Economy

တရုတ်-အိန္ဒိယ နှစ်နိုင်ငံသည် အမြန်ရထားလမ်း တည်ဆောက်ရေးနှင့် သတ္တု တူးဖော်ရေးလုပ်ငန်း အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု စာချုပ်ပေါင်း (၂၄) ခု ချုပ်ဆို

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအား တရုတ်နိုင်ငံ ရှီးအမ်း၌ လက်ခံတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် မေလ ၁၄ ရက်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် မေလ ၁၅ ရက်တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် တွေ့ဆုံပြီးနောက် အိန္ဒိယနိုင်ငံတွင် အမြန်ရထားလမ်း တည်ဆောက်ရေးနှင့် သတ္တု တူးဖော်ရေး လုပ်ငန်း အပါအဝင် ကဏ္ဍ အသီးသီး ပူးပေါင်း ဆောင်ရွက်မှု စာချုပ်ပေါင်း (၂၄) ခုကို ပေကျင်းမြို့၌ ချုပ်ဆို ခဲ့ကြသည်။

လေ့လာသူများ၏ တွက်ချက်မှုအရ ယခုအကြိမ် ချုပ်ဆိုသော စာချုပ်များ၏ စုစုပေါင်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ (၁၀) ဘီလီယံ အထက်တွင် ရှိနိုင်ကြောင်း သိရှိရသည်။ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ပူူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အတွက် များစွာ အထောက်အကူ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန်မှ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ယခု အကြိမ် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်စဉ်အတွင်း သဘောတူညီမှုများ ရရှိခဲ့သည့်အပြင် လက်တွေ့ကျသော ရလဒ် များစွာလည်း ရရှိခဲ့ကြောင်း ၊ ကျွန်တော်နှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ ရှေ့မှောက်တွင် စာချုပ် ပေါင်း ၂၄ ခုကို လက်မှတ် ရေးထိုး ခဲ့ကြကြောင်း ၊ ချုပ်ဆိုခဲ့သည့် စာချုပ်များတွင် လေကြောင်း ၊ အာကာသနှင့် ငလျင် စသည့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများ ပါဝင်ကြောင်း ၊ လူမှုရေး ၊ စီးပွားရေး စသည့် ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ ဆွေးနွေး တိုင်ပင် ဆောင်ရွက်သည့် ပုံစံဖြင့် လုပ်ဆောင်ရန် သဘော တူညီမှုများ ရရှိခဲ့ကြောင်း ၊ ကုန်ထုတ်လုပ်မှု ၊ စက်မှုဇုန်၊ ယဉ်ကျေးမှု ဖလှယ်ခြင်း ၊ IT လုပ်ငန်းနှင့် အိုးအိမ် တည်ဆောက်ရေး လုပ်ငန်းများ စသည့် ကဏ္ဍ မျိုးစုံ ပူးပေါင်း ဆောင်ရွက်သွားပြီး အင်းအား ကြီးမားသော တရုတ်-အိန္ဒိယ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မေလ ၁၄ ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရုတ် နိုင်ငံ၏ ရှေးဟောင်း မြို့တော် ရှီးအမ်းတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံပွဲတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်မှ နှစ်နိုင်ငံ မဟာ ဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေး တိုးမြှင့် နိုင်ရန် ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနီးကပ် ဆက်ဆံရေးနှင့် အရေးကြီး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက် သွားရန်နှင့် သက်ဆိုင်ရာ ကိစ္စရပ်များအား အဆင်ပြေစွာ ဖြေရှင်းသွား နိုင်ရန် ပြောကြား ခဲ့သည်။

ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီးတွင် ပြုလုပ်သော နှစ်နိုင်ငံ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် သမ္မတ ရှီကျင့်ဖိန်မှ အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ အချက်(၄) ချက်အား အကြံပြုခဲ့သည်။
အချက်(၁)တွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံသည် ရေရှည် ဗျူဟာအမြင်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရာတွင် ပိုမို ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ၊ အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် ( AIIB ) နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အကြံပြုသည့် “အရှေ့ဘက်သို့ ဦးတည် ဆောင်ရွက်ခြင်း” စသည့် စီမံကိန်းများမှ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးချဲ့ သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချက်(၂) တွင် နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ပြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး အသိုက်အဝန်း နှစ်ခုအား ပိုမို အဆင့်မြင့်သော ပုံစံဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ရထားလမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းများအား အလေးထား ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ အိန္ဒိယ နိုင်ငံသို့ သွားရောက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြီး အိန္ဒိယ နိုင်ငံ အနေဖြင့် အဆင်ပြေစွာ လုပ်ကိုင် နိုင်ရန် အခွင့်အလမ်းများ ဆောင်ရွက် ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အချက်(၃) တွင် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု တိုးပွားရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ သဘောထား ကွဲလွဲသော ကိစ္စရပ်များကို ထိန်းသိမ်း ဆောင်ရွက် ခြင်းဖြင့် နှစ်နိုင်ငံ၏ အဓိက ဆက်ဆံရေးကို အနှောင့်အယှက် မဖြစ်စေရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချက်(၄) တွင် နယ်ပယ် အသီးသီးမှ ထိတွေ့ ဆက်ဆံမှုများ တိုးမြင့် ဆောင်ရွက် သွားရန် တိုက်တွန်းပြီး နှစ်နိုင်ငံ အပြန်အလှန် နားလည်မှု တိုးပွားရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ တရုတ်-အိန္ဒိယ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်နှင့် အိန္ဒိယ ခရီးသွား အစီအစဉ် တို့ကို အကောင်အထည်ဖော် ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီမှ တရုတ် နိုင်ငံနှင့် စီပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားနိုင်ရန် မျှော်လင့်ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် ( AIIB ) လုပ်ငန်း ဆောင်ရွက်ရာတွင် တရုတ် နိုင်ငံနှင့် ပိုမို အနီးကပ် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ အိန္ဒိယ နိုင်ငံသို့ လာရောက် ရင်နှီးမြှုပ်နှံခြင်းအား ကြိုဆိုကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံနှင့် အတူ နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် သမ္မတ ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံသည် တောင်အာရှ နိုင်ငံ ဆက်ဆံရေးအား အထူးအလေး ထားကြောင်း ၊ တောင်အာရှ နိုင်ငံများ အနေဖြင့် မိတ်ဆွေ ဆက်ဆံရေးအား ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ အပါအဝင် တောင်အာရှ နိုင်ငံများနှင့် ပူူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီမှလည်း အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံ တို့သည် တောင်အာရှ နိုင်ငံများ အပေါ် အကူအညီနှင့် ထောက်ခံ အားပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံမှ အကြံပြုသည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက် အကူပြု နိုင်မည် ဖြစ်သောကြောင့် အိန္ဒိယ နိုင်ငံ အနေဖြင့် ထိုစီမံကိန်းတွင် တရုတ် နိုင်ငံနှင့် အတူ ပိုမို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)