Connect with us

Economy

တရုတ်-ဥရောပအာရှ ကုန်စည်ပြပွဲ ပြီးဆုံး၊ ကန်ဒေါ်လာ ၁၈ဘီလီယံ တန်ဖိုးရှိ စာချုပ်များချုပ်ဆိုနိုင်ခဲ့

ငါးကြိမ်မြောက် တရုတ်-ဥရောပအာရှ ကုန်စည်ပြပွဲ ကြော်ငြာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Urumqi မြို့တွင် ကျင်းပခဲ့သည့် ငါးကြိမ်မြောက် တရုတ်-ဥရောပအာရှ ကုန်စည်ပြပွဲ အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ဘီလီယံ တန်ဖိုးရှိသည့် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ မှ ၂၅ရက်အထိကျင်းပခဲ့သည့် ကုန်စည်ပြပွဲအတွင်း သိပ္ပံပညာ၊ စိုက်ပျိုးရေး၊ သတ္တုတွင်းထွက်များ၊ စွမ်းအင်၊ ထုတ်လုပ်ရေး နှင့် ဘဏ္ဍာရေး ဆိုင်ရာ နယ်ပယ်များနှင့် ပတ်သက်သည့် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စုစုပေါင်း ၁၆ခု ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကုန်စည်ပြပွဲသို့ ဒေသနှင့် နိုင်ငံပေါင်း ၅၇ ခု၊ နိုင်ငံတကာအဖွဲ့အစည်း ၆ခု မှ ကိုယ်စားလှယ်များ နှင့်အတူ ပရော်ဖက်ရှင်နယ် စီးပွားရေးသမားပေါင်း ၃,၅၀၀ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါ ကုန်စည်ပြပွဲ၌ ပြည်ပစီးပွားရေးလုပ်ငန်း ၄၁၈ခု အပါအဝင် ကုမ္ပဏီ စုစုပေါင်း ၂,၁၉၂ ခု ပါဝင်ပြသခဲ့ကြောင်း သိရသည်။
ယခင်ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲ၌ အမေရိကန်ဒေါ်လာ ၆ဘီလီယံ တန်ဖိုးရှိသည့် ပြည်ပကုန်သွယ်ရေး စာချုပ်များအား တရုတ်ကုမ္ပဏီများ နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး အကြီးအကဲ Li Jingyuan က ကုန်စည်ပြပွဲသည် Xinjiang ဒေသ၏ ပြည်ပပူးပေါင်းဆောင်ရွက်များကို ခိုင်မာလာစေပြီး ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု မြှင့်တင်ရေး တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပိုမိုပါဝင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.