Connect with us

Economy

Xinhuanet စတော့ခ်ရှယ်ယာများ အောက်တိုဘာလ ၂၈ ရက်တွင် စတင်ရောင်းချမည်

စတော့ခ်ဈေးကွက်စောင့်ကြည့်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် သတင်းဋ္ဌာန ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Xinhuanet.com ၏ စတော့ခ် (Stock) ရှယ်ယာများအား အောက်တိုဘာလ ၂၈ ရက်တွင် စတင် ရောင်းဝယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရှယ်ယာ တစ်စုလျှင် ယွမ် ၂၇.၆၉၀ ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ရှန်ဟိုင်း အစုရှယ်ယာ ရောင်းဝယ်ရေးဋ္ဌာန စည်းကမ်းအရ ရင်းနှီးမြှုပ်နှံသူ တစ်ဦးလျှင် အနည်းဆုံး အစု ၁၀၀ ဝယ်ယူရမည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူ တစ်ဦးလျှင် အစုရှယ်ယာ အများဆုံး ၂၀,၀၀၀ အထိ ဝယ်ယူနိုင်မည် ဖြစ်ပြီး ရှယ်ယာ ဝယ်ယူလိုသူ အနေဖြင့် မိမိ၏ ဘဏ်စာရင်း၌ လက်ကျန်ငွေ အနည်းဆုံး ယွမ် ၂၀၀,၀၀၀ ရှိရမည် ဖြစ်ကြောင်း သိရသည်။

Xinhuanet အစုရှယ်ယာ ဝယ်ယူလိုသူများအနေဖြင့် အောက်တိုဘာလ ၁၈ ရက်တွင် စတင်မှတ်ပုံတင်နိုင်ပြီး အောက်တိုဘာလ ၂၈ ရက်၌ ရှယ်ယာများ တရားဝင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ကနဦး ရှယ်ယာ ထုတ်ဝေ ရောင်းချမှု (IPO) အနေဖြင့် အစုရှယ်ယာ ၅၁,၉၀၂,၉၃၆ ရောင်းချမည် ဖြစ်သည်။

ကုမ္ပဏီ၏ လမ်းညွှန်ချက် (prospectus) အရ Xinhuanet.com အနေဖြင့် ဘက်စုံ မီဒီယာ စီးပွားရေး၊ Cloud Service မိုဘိုင်း အင်တာနက် ဝန်ဆောင်မှုများဖြင့် ယွမ် ၁.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၃၀ သန်း) နီးပါးရရှိရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီအနေဖြင့် စီးပွားရေး လုပ်ငန်းများ၌ ဝင်ငွေ ၆၃၄ သန်း ရရှိခဲ့ပြီး အသားတင် အမြတ်ငွေ ယွမ် ၁၈၈ သန်း ရရှိခဲ့သည်။ ကုမ္ပဏီဝင်ငွေ၏ အဓိကလမ်းကြောင်းမှာ ကြော်ငြာမှ ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ယွမ် ၃၄၈ သန်း ရရှိခဲ့ကြောင်း သိရသည်။ ဆင်ဟွာ သတင်းဋ္ဌာနအနေဖြင့် ရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.