Economy
အလီဘာဘာမှ ကုန်ပစ္စည်း အရည်အသွေး တိုးတက် စေရန် တတိယမျိုးဆက် ကြီးကြပ် စစ်ဆေးသည့် စနစ်အား ထည့်သွင်း

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကြီးမားသည့် e-commerce အွန်လိုင်း အရောင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် အလီဘာဘာ အုပ်စုသည် တတိယ မျိုးဆက် ကြီးကြပ် စစ်ဆေးသည့် အဖွဲ့အစည်း (၄) ခု နှင့် ပူးပေါင်းပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှု များအား မြှင့်တင် ပေးခြင်းဖြင့် ဝယ်သူများအား အရည်အသွေးမြင့် ကုန်ပစ္စည်းများ ရောင်းချပေးနိုင်ရန် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
အလီဘာဘာမှ အစပျိုးခဲ့သည့် “တရုတ် နိုင်ငံတွင် ပြုလုပ်သည်”ဟု အဓိပ္ပါယ် ရသော “ကျန်းကော်ကျစ်ကျောက်” အမည်ရှိ ဝန်ဆောင်မှု အသစ်က အရည်အသွေး ကောင်းမွန်မှုအပေါ် အဓိကထားပြီး အလီဘာဘာ၏ e-commerce ကွန်ပြူတာ စနစ် တစ်ခုဖြစ်သည့် Taobao.com တွင် ထုတ်လုပ်သူများနှင့် စက်ရုံများ အတွက် ထည့်သွင်းထားသည့် အရောင်းချန်နယ် တစ်ခု၌ ယင်း ဝန်ဆောင်မှုအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။
China Certification and Inspection Group၊ Swiss inspection, verification, testing and certification company SGS၊ German inspection agency TUV နှင့် ပြင်သစ် အခြေစိုက် အရည်အသွေး စစ်ဆေးရေး လုပ်ငန်း ဗျူရို Veritas တို့နှင့် ပူးပေါင်းပြီး အလီဘာဘာသည် ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုအား ထည့်သွင်းခဲ့ကာ ၎င်း ဝန်ဆောင်မှုသည် ကုန်ထုတ်လုပ်သူများအား ပိုမို တင်းကျပ် စေနိုင်သော်လည်း ကုန်ပစ္စည်းများ၏ အရည်အသွေးကိုမူ အာမခံနိုင်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှု စနစ်သည် ကုန်ထုတ်လုပ်သူနှင့် လုပ်ငန်းပေါင်း ၄,၅၀၀ ကျော်ကို ဆွဲဆောင်နိုင်မည့် အပြင် ပျမ်းမျှ တစ်နေ့ ရောင်းရငွေ တရုတ်ယွမ် ၄၀ သန်း ( အမေရိကန် ဒေါ်လာ ၆.၂၄ သန်း) ရှိမည် ဖြစ်ကြောင်း Taobao.com ၏ ဒုတိယ ဥက္ကဋ္ဌ ကျန်းချင် မှ ပေကျင်းတွင် ပြုလုပ်သည့် e-commerce ထိပ်သီး ညီလာခံတွင် ပြောကြား ခဲ့သည်။
အလီဘာဘာ ဥက္ကဋ္ဌ ကျင်းကျင့်ဟန်က အလီဘာဘာသည် အနာဂါတ်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း ထုတ်လုပ်သူများ အား စံချိန် စံညွှန်းများ ပြည့်စုံရန်၊ ၎င်းတို့၏ ပစ္စည်းများ ဈေးကွက် ဝင်နိုင်ရန်၊ စွမ်းအင် ကောင်းမွန်သည့် စနစ်ကို တည်ဆောက် နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)