Connect with us

Economy

တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ (ROK) တို့ လွတ်လပ်စွာ ကုန်သွယ်ရေး အကောင်အထည် ဖော်ရန် သဘောတူ

တရုတ် နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံမှ စီးပွားရေး ဝန်ကြီးများး FTA သဘောတူညီချက်ကို လက်မှတ် ရေးထိုးနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ (ROK) သည် နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (FTA) အား ဒီဇင်ဘာလ ၂ဝရက်နေ့ တွင် အကောင်အထည် ဖော်ရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား၏ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန က ဒီဇင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး တို့သည် အောက်တိုဘာလ ၃၁ ရက်တွင် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံသည့် သုံးနိုင်ငံ ထိပ်သီး ညီလာခံ ပြင်ပ၌ FTA အကောင်အထည် ဖော်ရေး ဆိုင်ရာ အမြင်များ ဖလှယ်ပြီးနောက် နှစ်နိုင်ငံသည် FTA အား အလျှင်အမြန် အကောင်အထည် ဖော်ရန် ဆက်လက် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် အတွင်း ပါဝင်သည့် ကုမ္ပဏီများ၏ အကျိုးအမြတ် အမြင့်ဆုံး ရရှိစေရန် FTA အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် ပြည်တွင်း အစီအစဉ်များကို အမြန်ဆုံး လုပ်ဆောင်ပြီးကြောင်း ဝန်ကြီးဋ္ဌာနမှ ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးသည် FTA အား သုံးနှစ်ကြာ ဆွေးနွေး ညှိနှိုင်းပြီးနောက် ဇွန်လတွင် လက်မှတ် ရေးထိုးခဲ့ကြောင်း နှင့် ဆွေးနွေး ညှိနှိုင်းမှုများသည် ၂၀၁၂ ခုနှစ် မေလမှ စတင် ခဲ့ပြီး သဘောတူညီချက် မရရှိခင် ၁၄ ကြိမ် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘောတူညီချက်များ အရ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် FTA အကောင်အထည် ဖော်ပြီး နှစ် ၂၀ အတွင်း ကုန်သွယ် ပစ္စည်း ၉၀ ရာခိုင်နှုန်း မှ အခွန်အခ ရရှိနိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ က တရုတ်နိုင်ငံနှင့် FTA ပြုလုပ်နိုင်ခြင်းဖြင့် ၎င်း၏ GDP အား ဝ.၉၆ ရာခိုင်နှုန်း မြှင့်တင် လာနိုင်မည် ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၃,၈၀၀ နှင့် သုံးစွဲသူများမှ အမြတ်အစွန်း အမေရိကန် ဒေါ်လာ ၁၄.၆ ဘီလီယံ ရရှိနိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။
တောင်ကိုရီးယား နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး သုံးစွဲသူ ဈေးကွက်အတွင်း တရုတ်နိုင်ငံသို့ အခွန်အခနှင့် ဈေးနှုန်း ပြိုင်ဆိုင်မှု နည်းနည်းဖြင့် ထုတ်ကုန်များ တင်ပို့မှု တိုးတက်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.