Connect with us

Economy

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် အဖွဲ့ဝင်အဖြစ် ကနေဒါ လျှောက်ထားရန်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒို (ဝဲ) တို့အား ပေကျင်းမြို့တွင် သြဂုတ်လ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အဖွဲ့ဝင်နိုင်ငံအဖြစ် ကနေဒါနိုင်ငံ လျှောက်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ကနေဒါနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဘီလ် မော်နျူးက သြဂုတ်လ ၃၁ ရက်က ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

အကယ်၍ ကနေဒါနိုင်ငံက AIIB သို့ ဝင်ရောက်ခဲ့ပါက ဘက်စုံ ပါဝင်သည့် ပထမဆုံး မြောက်အမေရိက နိုင်ငံ တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ကနေဒါနိုင်ငံ အဖွဲ့ဝင် ဖြစ်လာခြင်းအားဖြင့် AIIB ၏ လုပ်ငန်း ဖွံ့ဖြိုးမှုတွင် အရေးပါသည့် ကူညီထောက်ပံ့မှု ရရှိ နိုင်မည် ဖြစ်ကြောင်း၊ AIIB သို့ ဝင်ရောက်ရန် စိတ်ဝင်စားသည့် နိုင်ငံများအားလုံးကို ဖိတ်ခေါ်ကြောင်း AIIB ဥက္ကဋ္ဌ Jin Liqun က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံအနေဖြင့် အလယ်အလတ်တန်းစား နိုင်ငံသားများနှင့် ကမ္ဘာ တစ်ဝန်းမှ ပြည်သူများအတွက် အခွင့် အလမ်းနှင့် မျှော်လင့်ချက်များ ဖန်တီးနိုင်မည့် နည်းလမ်းများအား အမြဲတစေ ရှာဖွေလျက်ရှိကြောင်း၊ AIIB တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခြင်းအားဖြင့် ထို အခွင့်အရေးများအား လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း မော်နျူးက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။
တရုတ်နိုင်ငံက ကမကထပြု တည်ထောင်ထားသည့် AIIB သည် အကျိုးအမြတ်မယူသည့် ဘဏ် တစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ လုပ်ငန်း စတင်လည်ပတ်ခဲ့ သည်။
မူလအဖွဲ့ဝင်ပေါင်း ၅၇ နိုင်ငံနှင့် မတည်ငွေ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံရှိပြီး စွမ်းအင်၊ လျှပ်စစ်၊ ပို့ ဆောင်ရေး၊ ရပ်ရွာ အခြေခံအဆောက်အအုံ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ထောက်ပံ့သယ်ပို့ လုပ်ငန်း စသည့် ကဏ္ဍများ၌ ဦးစားပေး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၇ ဘီလီယံ ရှိကြောင်း ကနေဒါနိုင်ငံမှ စာရင်းအင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.