Connect with us

Economy

ရှီ-အိုဘားမား အစည်းအဝေး အကျိုးအမြတ် ဖြစ်ထွန်းစေရန် တရုတ် မျှော်လင့်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား (ဝဲ) တို့အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပဲရစ်မြို့တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားတို့ တွေ့ဆုံမည့် အစည်းအဝေး၌ ရလဒ်ကောင်းများ အလျှံအပယ် ရရှိနိုင်ရန် တရုတ်ဘက်က မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ အရာရှိ တစ်ဦး က ပြောသည်။

တရုတ်နိုင်ငံ ဟန်ကျိုးတွင် စက်တင်ဘာလ ၄ ရက်၊ ၅ ရက်၌ ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေး
အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဘက်စုံ ဖြစ်စဉ်များ အပေါ် မူဝါဒ ညှိနှိုှုင်းခြင်း စသည့် ကဏ္ဍများ၌ တရုတ်နိုင်ငံက အကျိုးအမြတ် ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ကျွမ် ကွမ်ရောင်က ပြောသည်။
ယခုနှစ် အစောပိုင်းက အိုဘားမားနှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေး၌ ပုံစံသစ် နိုင်ငံကြီး ဆက်ဆံရေး တည်ဆောက်ရာတွင် မှန်ကန်သော လမ်းကြောင်းဆီသို့ ရောက်ရှိရေးအတွက် ခိုင်မာစွာ ကတိပြု လုပ်ဆောင် ရန် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အတွက် အရေးပါကြောင်းနှင့် ပဋိပက္ခမရှိရေး၊ ထိပ်တိုက် ရင်ဆိုင်မှု မရှိရေး၊ နှစ်ဦးနှစ်ဘက် လေးစားမှုနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များအား တရုတ် သမ္မတ ရှီက အလေးထား ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေး ဆက်ဆံရေးနှင့် နှစ်နိုင်ငံ စီးပွားရေး နှစ်ခုလုံးသည် အပြန်အလှန် နီးကပ်စွာ ဆက်နွှယ်နေကာ ကြီးမားစွာ အရေးပါကြောင်း ရှီက ပြောကြားခဲ့သည်ဟု ကျွီက ပြောသည်။
နှစ်နိုင်ငံလုံး အနေဖြင့် ၎င်းတို့၏ ကြွယ်ဝ ချမ်းသာမှုသည် အခြား တစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအပေါ် ကြီးမားစွာ မှီခိုနေသည်ကို သဘောပေါက်ကြောင်း၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုများ ကြိုးစားပမ်းစား ရယူထားသင့်ကြောင်း ကျွီက ဆိုသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၅၈.၄ ဘီလီယံ သို့ ရောက်ရှိလာကြောင်း ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန စာရင်း အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.