Connect with us

Economy

ဇန်နဝါရီလမှ မေလအထိ တရုတ်-အာဆီယံ ကုန်သွယ်မှု ပမာဏာ ကျဆင်း

တရုတ်နိုင်ငံ ဆိပ်ကမ်းမှ အာဆီယံနိုင်ငံများသို့ကုန်ပစ္စည်းများ တင်ပို့နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သော ၂၅ နှစ်တာ ကာလအတွင်း တစ်ဟုန်ထိုး တိုးတက်ခဲ့သော်လည်း ယခုနှစ် နှစ်ဆန်းပိုင်းမှ မေလအတွင်း ကုန်သွယ်မှု ပမာဏသည် ကျဆင်းသွားကြောင်း ၊ ယင်းမှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ဖြစ်ကြောင်း တရုတ်နိုင်ငံ အကြီးတန်း အရာရှိတစ်ဦးက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများ အကြား နှစ်ဖက်ကုန်သွယ်မှုသည် ၁၉၉၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇.၉၆ ဘီလီယံ ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၇၂.၁၆ ဘီလီယံထိ မြင့်တက်ခဲ့ရာ နှစ်စဉ် ပုံမှန် တိုးတက်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံထိ ရှိနေကြောင်း တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Gao Yan က ပြောကြားသည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း တရုတ်-အာဆီယံ နှစ်ဖက် ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၇၃.၅၇ ဘီလီယံ ရှိခဲ့ရာ ၇.၁ ရာခိုင်နှုန်းထိ လျော့ကျသွားကြောင်း သိရသည်။ ထိုသို့ကုန်သွယ်မှုပမာဏ ကျဆင်းသွားသော်လည်း တရုတ်-အာဆီယံ နှစ်ဖက်စလုံးသည် မကြာခင်ကာလ အတွင်း ကုန်သွယ်မှု အခြေအနေ ပြန်လည် တိုးတက်လာရေး အတွက် ကြိုးပမ်းနေကြောင်း Gao က ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် အာဆီယံ အတွက် အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံတစ်ခု ဖြစ်နေပြီး တရုတ်နိုင်ငံ အတွက်မူ အာဆီယံသည် တတိယအကြီးဆုံး ကုန်သွယ်ဖက် ဒေသတစ်ခု ဖြစ်ကြောင်း သိရသည်။ မေလကုန်ပိုင်းတွင် နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၆ဝ ဘီလီယံထိ ရှိခဲ့ရာ အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံအတွက် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ပြုရာ ဒေသအဖြစ် ဆက်လက် တည်ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.