Connect with us

Economy

ဈေးနှုန်းလျော့ကျရေး ထိန်းချုပ်ရန် တရုတ် ဆက်လက် ပြုလုပ်

တရုတ်နိုင်ငံ ပြည်နယ်များမှ ဒေသထွက် စိုက်ပျိုးရေး ကုန်ပစ္စည်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ် ဒေသဆိုင်ရာ အစိုးရများသည် စီးပွားရေး လုပ်ငန်းများအား ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ သတ်မှတ်ခြင်းကို လုပ်ကိုင်ခွင့် ပိုပြီး ပေးအပ်လိုက်ကြောင်း နိုင်ငံ၏ ထိပ်တန်း စီးပွားရေး အစီအစဉ်ကို ကိုးကား၍ တာဝန်ရှိသူများက နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောကြား လိုက်သည်။

အစိုးရက ဈေးနှုန်း ထိန်းချုပ်ထားသည့် ကုန်စည် အမယ်များအား ၅၅ ရာခိုင်နှုန်းသို့ လျှော့ချပြီး တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာ အဆင့် အစိုးရ ၃၁ ခု ရှိသည့်အနက်မှ ၃၀ က ဈေးနှုန်းဆိုင်ရာ စာရင်းပြုစုခြင်း ခွင့်ပြုရန် စိစစ် ရွေးချယ်ခဲ့ကြောင်း အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) ၏ အထွေထွေ အတွင်းရေးမှူး လီပူးမင်က ပြောသည်။

အောက်တိုဘာလက ဗဟိုအစိုးရသည် ဈေးကွက် အကျိုးသက်ရောက်မှု ရှိစေရန် ဈေးနှုန်း ထိန်းချုပ်ထားသည့် ကုန်စည် အမယ်များအား ၈၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းများအား ကြားဝင် ဖြေလျှော့ပေးရန် ကတိပြုခဲ့ကြောင်း လွန်ခဲ့ သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် တရုတ် နိုင်ငံ ဗဟိုကော်မတီ ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် အစည်း အဝေး၏ ငါးနှစ်စီမံကိန်း ကြေညာခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သော ကွန်မြူနစ် သတင်း ထုတ်ပြန်ချက်အရ သိရ သည်။

“ဆေးကုသမှု စောင့်ရှောက်မှု ဆိုင်ရာကိစ္စများ၊ သဘာဝ ဓာတ်ငွေ့၊ စွမ်းအင်နှင့် ပြည်သူ့ ဝန်ဆောင်မှု စတဲ့ ကဏ္ဍတွေ အပါအဝင် အဓိက ကျတဲ့ ကဏ္ဍတွေမှာ ဈေးနှုန်း ကုန်ကျစရိတ် ပြုပြင် ပြောင်းလဲရေးအား ဆက်လက် လုပ်ဆောင်သွားမယ်” ဟု လီက ပြော သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.