Connect with us

Economy

ရှန်ဟိုင်းမှ သုံးလကြာ ရေလမ်းခရီး ဖြင့် သယ်ဆောင်လာသော အကြီးစား ဝန်ချီစက်များ လီဗာပူးလ်သို့ ရောက်ရှိ

ZPMC မှ ထုတ်လုပ်သည့် ဝန်ချီစက်တင် သင်္ဘောတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ နိုဝင်ဘာလ ၃ ရက် (ဆင်ဟွာ)

“Megamax” ဆိပ်ကမ်းဝန်ချီစက် ငါးလုံး သယ်ဆောင်လာသည့် သင်္ဘောကြီးသည် ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်း မြို့တစ်မြို့ဖြစ်သော ရှန်ဟိုင်း မှ စတင် ထွက်ခွာလာပြီး ကီလိုမီတာ ၃၀၀၀၀ကျော် ကွာဝေးသည့် လီဗာပူးလ် မြို့ မာဆေးမြစ် သို့ အောက်တိုဘာလ ၂ရက်နေ့ တွင် ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ သင်္ဘောကြီးတွင် တရုတ်နိုင်ငံထုတ် အကြီးစား ဝန်ချီစက် ၈ လုံးကို ပထမ သယ်ဆောင်လာပြီး လီဗာပူးလ်၏ အမေရိကန်ဒေါ်လာ ၄၆၂ မီလီယံ တန်ဖိုးရှိသည့် လီဗာပူးလ် (၂) ခေါ် ကွန်တင်နာ ဆိပ်ကမ်းသစ်သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

သဘောၤသည် ရှန်ဟိုင်းမြို့ မှ သြဂုတ်လတွင် စတင်ထွက်ခွာလာပြီး အရှေ့တောင် အာရှ၊ အိန္ဒိယ၊ အာရေဗျ ကျွန်းဆွယ် နှင့် အာဖရိက တို့ကို ဂွတ်ဟုဒ် အငူ မှတစ်ဆင့် ဖြတ်၍ လီဗာပူးလ်သို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး အကြီးစား စက်ကိရိယာများထုတ်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံ ကျင်းဟွာ အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီ (ZPMC) က ပီးလ် ဆိပ်ကမ်းအုပ်စု နှင့် ချုပ်ဆိုထားသည် အမေရိကန်ဒေါ်လာ ၁၅၄ သန်းကျော်တန် စာချုပ် တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းကရိန်းများအားထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ထုတ်လုပ်မှုအနေဖြင့် စုစုပေါင်း Ship to Shore Megamax ဝန်ချီစက် ၈လုံး၊ Cantilever rail-mounted gantry ဝန်ချီစက် ၂၂လုံး ရှိမည်ဖြစ်ပြီး ယင်း ဝန်ချီစက်များက လက်ရှိ လီဗာပူးလ် ဆိပ်ကမ်းကို ကမ္ဘာအကြီးဆုံး ကွန်တိန်နာတင် သင်္ဘောများ ဆိုက်ကပ် နိုင်စေ ရန် တိုးချဲ့လုပ်ဆောင်မည့် ပီလ်၏ ရင်းနှီးမြှုပ်နှံမှု ပရိုဂရမ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထောက်ပံ့ ပေးသွား မည် ဖြစ်သည်။

ကရိန်းတစ်ခု လျှင် ကိုယ်ထည်ဘောင် အဆုံးထိ ၉၂ မီတာ ရှိပြီး ထိုအမြင့်သည် လီဗာပူးလ် ၏ ထင်ရှားသော Royal Liver အဆောက်အအုံနှင့် အမြင့်ချင်းတူညီပြီး အလေးချိန်အနေဖြင့် ၁၆၀၀တန်လေးကြောင်းသိရသည်။ပီးလ်မှ ပြောရေးဆိုခွင့်ရှိသူက လီဗာပူးလ် (၂) သည် ဗြိတိန်၏ အကြီးဆုံးသော အတ္တလန္တိတ်သမုဒ္ဒရာ တစ်ဘက်တွင်ရှိသည့် ရေနက်ဆိပ်ကမ်း နှင့် ကွန်တိန်နာ ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းတွင်း ရင်းနှီးမြှုပ်နှံမှုများသည် ၎င်း အား ကမ္ဘာ့လက်ရှိ ကွန်တိန်နာ တင်သင်္ဘော အများစု နှင့် ကိုက်ညီစေရန် ကူညီ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူမှ ပီးလ်ဆိပ်ကမ်း အုပ်စု၏ လီဗာပူးလ် (၂) အတွင်း ရင်းနှီးမြှုပ်နှံမှုသည် Northen Powerhouse အခြေခံအဆောက်အအုံ ကြီးပွားမှုကို အားကောင်းလာစေပြီး နိုင်ငံ မြောက်ပိုင်း သို့ ကုန်စည် စီးဆင်းနိုင်သည့် ဂိတ်ပေါက် တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.