Connect with us

Local

အာဆီယံဒေသတွင်း ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်အစီအစဉ်စက်တင်ဘာ ၂၀ ရက် မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်

ရန်ကုန်ဆိပ်ကမ်းရှိ ကုန်သေတ္တာများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အာဆီယံကုန်သွယ်ရေး သဘောတူစာချုပ် ၏  ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အာဆီယံဒေသတွင်း ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်အစီအစဉ် (ASEAN-Wide Self-Certification Scheme) အား အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စက်တင်ဘာ ၂၀ ရက် မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက “အာဆီယံဒေသတွင်း ထုတ်လုပ်တင်ပို့သူကိုယ်တိုင် က ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာတဲ့အစီအစဉ်အရ အတည်ပြုပို့ကုန်တင်ပို့သူများ အနေနဲ့ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(Standard Operating Procedures-SOP) တွေရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လုပ်ငန်းရှင်တွေဆောင်ရွက်ရမယ့်SOP ကို ထုတ်ပြန်ပြီးလည်း ဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။

SOP တွင် တင်ပို့ မည့်လုပ်ငန်းရှင်များ အတိအကျ လိုက်နာရမည့်အချက်များ ပါဝင်ကြောင်း၊ တင်ပိုရမည့်စက်မှုထုတ်ကုန်အတွက် သက်တမ်းရှိစက်မှုထုတ်ကုန်ပစ္စည်း မှတ်ပုံတင်လက်မှတ် လက်ဝယ်ရှိမှသာ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာနိုင်သည်ဟုသိရသည်။

ထို့ပြင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာချက်အား ကုန်ရောင်းပြေစာ (Commercial Invoice) ပေါ်တွင် ပြုလုပ်၍ တစ်ဖက်နိုင်ငံတွင် ကုန်စည်တင်သွင်းချိန်၌ တင်ပြရမည့် အချက်အပါအဝင် အသေးစိတ်အချက်အလက်များလည်း SOP တွင်ပါရှိကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117