Connect with us

Economy

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းမြင်သာမှုများအား အသစ်တစ်ဖန် စတင်လုပ်ဆောင်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ စီယက်တယ်မြို့သို့ ရောက်ရှိ စဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နှေးကွေးနေသော စီးပွားရေး တိုးတက်မှုကို ပြန်လည် မြှင့်တင်သည့် အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးကဏ္ဍတွင် နိုင်ငံခြား ကုမ္ပဏီများ လုပ်ကိုင်ခွင့် ပိုမိုပေးခြင်း တို့ကို အထူးအလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကို Wall Street ဂျာနယ်၏ စာဖြင့် ရေးသားမေးမြန်းမှုကို အင်္ဂါနေ့ တွင် အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်လည်ပတ်ရေး ခရီး မထွက်ခွာမီ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်း ဗဟိုအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ကတည်းက တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများအတွက် စီမံဆောင်ရွက်မှု အသစ်များစွာကို စတင်ကျင့်သုံး ခဲ့သည်။

အာရှအခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ်နှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းတို့သည် လက်ရှိ နိုင်ငံတကာတွင် လည်ပတ်နေသော စီးပွားရေး စနစ်အား ပိုမို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် တရုတ်နိုင်ငံ ၏ ကြိုးစား အားထုတ်မှုများတွင် အပါအဝင် ဖြစ်သည်။

ရှီသည် တရုတ်နိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် စီးပွားရေး ကဏ္ဍတွင် နိုင်ငံခြား ကုမ္ပဏီများ ပိုမို လုပ်ကိုင်ခွင့် ရရှိရေး ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင် အပတ်က ကျင်းပခဲ့သည့် ဘက်စုံ ပြုပြင် ပြောင်းလဲခြင်းဆိုင်ရာ ဗဟိုဦးစီးအဖွဲ့၏ ၁၆ ကြိမ်မြောက် အစည်းအဝေးပွဲ မိန့်ခွန်း၌ ထည့်သွင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို ပြောင်းလဲသွားမည် မဟုတ်ဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ် ပေးသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ အတွက် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများကိုပါ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်းကို အစည်းအဝေးပြီးနောက် ထွက်ပေါ်လာသည့် ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ကဏ္ဍများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား ပိုမို လမ်းဖွင့် ပေးသွားမည့်အပြင် နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် ပါမစ် လျှောက်ထားရာ၌လည်း ပိုမို လွယ်ကူအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး နယ်ပယ်၏ အပြန်အလှန် မှီခိုမှုနှင့် ဆက်စပ်မှုများတွင် ပိုမိုပါ ဝင်လာကြောင်း ဝါရှင်တန် အခြေစိုက် ပညာရှင်များ အဖွဲ့အစည်းမှ တွဲဖက် ဥက္ကဌ ဂျွန်သွန်တန် က ပြောကြားခဲ့သည်။

၎င်းမှဆက်၍ တရုတ်နိုင်ငံသည် ပြုပြင် ပြောင်းလဲရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား လမ်းဖွင့်ပေးခြင်း များကို လုပ်ဆောင်နေသည်မှာ နှစ် (၄၀) နီးပါးရှိပြီ ဖြစ်ကြောင်းနှင့် ထိုဦးတည်ချက်များကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)