Connect with us

Economy

ဘိုးရင်းလေယာဉ် ထုတ်လုပ်ရေးနှင့် ပိုမို ပူးပေါင်း ဆောင်ရွက်ရန် သမ္မတရှီကျင့်ဖိန် တိုက်တွန်း ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဘိုးရင်း လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်း၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

စီယက်တယ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး အလည်အပတ် ခရီး ရောက်ရှိနေသော တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗုဒ္ဓဟူးနေ့တွင် ဘိုးရင်း လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသို့ သွားရောက် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များ ပိုမို တိုးမြှင့်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဝါရှင်တန်မြို့ Everett ဒေသတွင် တည်ရှိသော ဘိုးရင်း လေယာဉ် စက်ရုံသို့ သွားရောက်စဉ်တွင် သမ္မတရှီမှ ဘိုးရင်း ကုမ္ပဏီသည် တရုတ်နိုင်ငံနှင့် ယခင်ကတည်း လက်တွဲခဲ့ကြပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်များကို ရရှိခဲ့သောကြောင့် ချီးကျူးပါကြောင်း၊ ဘိုးရင်း ကုမ္ပဏီ နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု အတွက် အဓိက ကျပြီး နှစ်ဘက် စလုံးအကျိုးရှိ သောကြောင့် ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်ရန်၊ ထို့အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် အမေရိကန် ကုမ္ပဏီများ အတွက် အခွင့်အလမ်းများစွာ ပိုမို ဖန်တီးပေး နိုင်မည် ဖြစ်သလို တရုတ်-အမေရိကန် စီးပွားရေး လုပ်ငန်းများ အကြားတွင် အပြန်အလှန် အကျိုးရှိ စေမည်ဖြစ်သည့် ပိုမို နီကပ်သော ပူးပေါင်း ဆောင်ရွက်မှုများကို ဖြစ်ပေါ်စေကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပါက နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း ရှင်များ ပူပေါင်း ဆောင်ရွက်မှု အတွက် ပိုမိုကောင်းသော အခြေအနေများ ဖြစ်ပေါ်လာ စေနိုင်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် သမ္မတရှီသည် ဘိုးရင်း လေယာဉ် ထုတ်လုပ်ငန်းမှ ဥက္ကဋ္ဌ နှင့် CEO Ray Conner နှင့်အတူ ဘိုးရင်း လေယာဉ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လေယာဉ် ဖန်တီးသူတို့ အား စွမ်းအင် ချွေတာရေး ဖန်တီးသည့် အခြေအနေများ၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေး၊ အနာဂတ်တွင် ဆောင်ရွက်မည့် ဒီဇိုင်းဆိုင်ရာ အကြံဉာဏ်များကို စိတ်ဝင်တစား မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ် အရောက်တွင် လေကြောင်း သယ်ယူ ပို့ဆောင်ရေး ဈေးကွက် ကို ယခုထက် ပိုမို ချဲ့ထွင်ရန် ဆောင်ရွက်လျက်ရှိပြီး ဘိုးရင်းသည် တရုတ်နိုင်ငံ လေကြောင်း ဈေးကွက် ဝေစုတွင် အကြီးဆုံး ရရှိရန် ကြိုးပမ်းလျက် ရှိသည်။

ထို့ကြောင့် China Aviation Supplies Holding Company, ICBC Financial Leasing Co., Ltd., and China Development Bank Leasing တို့ ပါဝင်သော တရုတ် ကုမ္ပဏီများ အုပ်စုသည် အမေရိကန် ဘိုးရင်း လေယာဉ်ပျံ ထုတ်လုပ်ရေး ကုမ္ပဏီမှ ဘိုးရင်း လေယာဉ် အစီး (၃၀၀) ဝယ်ယူရန် စာချုပ်တစ်ရပ်ကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် စတင်သည့် အင်္ဂါနေ့၌ စီယက်တယ်မြို့တွင် ချုပ်ဆိုခဲ့ကြသည်။
ဘိုးရင်း ကုမ္ပဏီသည် အကြီးဆုံး ကမ္ဘာ့ လေယာဉ်ထုတ် လုပ်ငန်းများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ၁၉၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.