Economy
တရုတ်နိုင်ငံ က ဘီလီယံပေါင်းများစွာ ချေးငွေ ထောက်ပံ့မည့် ရထားလမ်း စီမံကိန်းအား ဘင်္ဂလားဒေ့ရှ် အတည်ပြု သဘောတူ

ဒါကာ၊ မေလ ၄ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စီးပွားရေး မူဝါဒ ချမှတ်ရေး အဖွဲ့က တရုတ်နိုင်ငံမှ ဘီလီယံပေါင်း များစွာ ချေးငွေ ထောက်ပံ့မည့် မြို့တော် ဒါကာနှင့် နိုင်ငံ၏ အနောက်တောင်ပိုင်း နယ်မြေများအား ဆက်သွယ်ပေးမည့် တိုက်ရိုက် ရထားလမ်း စီမံကိန်းအား မေလ ၂ ရက်တွင် အတည်ပြုပေး ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina မှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည့် အမျိုးသား စီပွားရေး ကောင်စီ၏ အမှုဆောင် ကော်မတီ အစည်းအဝေးပွဲ၌ အမေရိကန် ဒေါ်လာ၄.၄၇ ဘီလီယံ တန်ဖိုးရှိ “Padma Bridge rail link” စီမံကိန်းအား မေလ ၃ ရက်တွင် အတည်ပြု ပေးခဲ့ကြောင်း သိရသည်။ စီမံကိန်း ရေးဆွဲရေး ဝန်ကြီး AHM Mustafa Kamal က စီမံကိန်းအား ၂၀၂၂ ခုနှစ် မတိုင်မီ အကောင်အထည် ဖော်နိုင်ရန် ရထားလမ်း ဋ္ဌာနသို့ အပ်နှံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက စီမံကိန်းအရ စုစုပေါင်း အရှည် ၁၇၂ ကီလိုမီတာ ရှိသည့် ရထားလမ်းကို ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ဆက်၍ တရုတ်အစိုးရသည် ဘင်္ဂလားဒေ့ရှ် တာကာ၂၄၇.၄၉ ဘီလီယံ အား စီမံကိန်းအတွက် ချေးငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်ပြီး ကျန် ငွေများကို ဘင်္ဂလားဒေ့ရှ်အစိုးရ က စိုက်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးရာ ဝန်ကြီးအဖွဲ့ ကော်မတီသည် နိုင်ငံ၏ ရထားလမ်း ဝန်ကြီးဋ္ဌာနက စီမံကိန်းအား China Railway Group Ltd သို့ ပေးအပ်သည့် အဆိုတင်သွင်းလွှာကို မတ်လတွင် အတည်ပြု ပေးခဲ့ကြောင်း သိရသည်။ (Xinhua)