Connect with us

Economy

ရွှေ သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရန် မူဝါဒသစ် တရုတ် ခွင့်ပြု

ရွှေတုံးများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

ရွှေတင်ပို့ခြင်းနှင့် တင်သွင်းခြင်း လုပ်ငန်းများ အဆင်ပြေ လွယ်ကူ ချောမွေ့စေရေး ရည်ရွယ်ကာ တရုတ်နိုင်ငံက မူဝါဒသစ် တစ်ရပ်အား စမ်းသပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်နှင့် အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး ဋ္ဌာနတို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ယင်း မူဝါဒသစ်မှာ ဇွန်လ ၁ ရက်တွင် စတင် စမ်းသပ်မည် ဖြစ်ပြီး ရွှေလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ပါမစ် တစ်ခုတည်းဖြင့် အကောက်ခွန် ကင်းလွတ်ခွင့် ၁၂ ကြိမ် ခွင့်ပြုပေးသွားမည် ဖြစ်သည်။
ယခင်က ရွှေ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းစဉ်တိုင်းအတွက် ပါမစ် တစ်ခုစီ လျှောက်ထားကာ လုပ်ဆောင်နေရာခြင်း ဖြစ်သည်။
အဆိုပါ မူဝါဒသစ်အား ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ နန်ကျင်း၊ ကွင်းဒေါင်နှင့် ရှန်းကျန့်၌ စတင် စမ်းသပ်သွား မည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေဝယ်ယူမှု အများဆုံးဖြစ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး မနှစ်က စုစုပေါင်း အသုံးပြု ခဲ့သည့် တန်ချိန်ပေါင်း ၉၈၅.၉ တန် ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှုသည် ၄၅၀.၀၅ တန်ရှိကြောင်း တရုတ်နိုင်ငံ ရွှေအသင်း၏ စာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.