Connect with us

Economy

တဲလ်အဗစ်သို့ တိုက်ရိုက် ပျံသန်းမည့် ဟိုင်းနန် လေကြောင်းလိုင်း

ဟိုင်းနန် လေကြောင်းလိုင်းက လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမှ အစ္စရေးနိုင်ငံ တဲလ်အဗစ် (Tel Aviv) မြို့သို့ တိုက်ရိုက် ပျံသန်းမည့် ပထမဆုံး တရုတ် လေကြောင်းလိုင်းအဖြစ် ဟိုင်းနန် လေကြောင်းလိုင်းက ပျံသန်းမည် ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်က ကြေညာလိုက်သည်။

ပေကျင်း- တဲလ်အဗစ် (Beijing- Tel Aviv) ခရီးစဉ်သည် Airbus A330 လေယာဉ်များဖြင့် အပတ်စဉ် အင်္ဂ ါ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့တိုင်း ပျံသန်းပြေးဆွဲမည် ဖြစ်သည်။
တရုတ်နှင့် အစ္စရေး နှစ်နိုင်ငံ ပြည်သူများအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးစွာ ဖလှယ်ရေး စသည်တို့သည် သမိုင်းကြောင်း ရှည်ကြာစွာ တည်ရှိခဲ့သလို ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ကြေညာပြီးက တည်းက ထိုအရာများ ပိုမို တိုးတက်လာခဲ့ကြောင်း ဟိုင်းနန် လေကြောင်းလိုင်း ဥက္ကဋ္ဌ ရှင်းဒီက ပြောသည်။
ပေကျင်းနှင့် တီလ်အဲဗစ်သို့ ချိတ်ဆက်ထားသည့် တိုက်ရိုက် လေကြောင်းလိုင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ ခရီးသွားလာရေး စသည့် ကဏ္ဍများ၌ ပိုမိုနက်ရှိုင်းသည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ရှင်းက မျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117