Connect with us

Economy

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှု အကြီးအကဲများ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ မက်ခရိုစီးပွားရေးမူဝါဒများ ညှိနှိုင်းဆွေးနွေးမှု ခိုင်မာရေးနှင့် တရုတ်-အမေရိကန် ပထမအဆင့် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် အကောင်အထည်ဖော်ရေး ကဲ့သို့သော ကိစ္စရပ်များဆိုင်ရာ အပြုသဘောဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် ကုန်သွယ်ရေးသဘောတူညီမှု အကောင်အထည်ဖော်ရေး ဆက်လက်တွန်းအားပေးရန် အခြေအနေများနှင့် ပတ်ဝန်းကျင် ဖန်တီးပေးရန် သဘောတူခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.