Connect with us

Economy

တရုတ်နိုင်ငံတွင် ပြည်တွင်းလေကြောင်းခရီးသွားလာမှုက ကပ်ရောဂါမတိုင်မီ အခြေအနေနီးပါး ပြန်ဖြစ်လာ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် China Southern Airlines CZ3001 ခရီးစဉ် ပျံသန်းထွက်ခွာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ပြည်တွင်း လေကြောင်း ခရီးသွားလာမှုအခြေအနေသည်  COVID-19 ကပ်ရောဂါကနေ အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း  သြဂုတ် ၂၆ ရက်က ထုတ်ပြန်သည့် ForwardKeys ၏ အချက်အလက်များအရ သိရသည်။ 

ForwardKeys တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းဆိုင်ရာဈေးကွက်မှာ က စက်တင်ဘာ လဆန်းပိုင်းတွင် အပြည့်အဝ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

တရုတ်နိုင်ငံ လေဆိပ်များတွင် ပြည်တွင်းဆိုက်ရောက်မှုအနေဖြင့် ဩဂုတ်လဒုတိယအပတ်တွင် ယခင်နှစ်ပမာဏ၏ ၈၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုမှာ ၉၈ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ကမ္ဘာ့ခရီးသွားအချက်အလက်ကုမ္ပဏီ ForwardKeys က ပြောခဲ့သည်။

“ဒါဟာ ကမ္ဘာ့လေကြောင်းဈေးကွက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ကပ်ရောဂါမတိုင်မီအနေအထားကို ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိတဲ့ အလွန်အရေးပါသော အခါသမယဖြစ်ပါတယ်” ဟု ForwardKeys ၏ Insights ဒုတိယဥက္ကဋ္ဌ Olivier Ponti က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ကုမ္ပဏီအနေဖြင့် အပြည့်အဝပြန်လည်ကောင်းမွန်လာပြီဟု ခန့်မှန်းချက်သည် အချက်လေးချက်ပေါ်တွင် အခြေခံကြောင်း၊ ၎င်းအချက်များမှာ တရုတ်နိုင်ငံ၏ ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်မှု ၊သြဂုတ်လနောက်ဆုံးပတ်တွင်  ပြည်တွင်းလေကြောင်း လက်မှတ်ရောင်းချမှု ၅.၇ ရာခိုင်နှုန်း တိုးလာမှု၊ ကျောင်းစာသင်နှစ်များပြန်လည်စတင်မှုနှင့် လက်မှတ်ဈေးနှုန်းများ အရောင်းမြှင့်တင်မှုများ စသည်တို့ ဖြစ်ကြောင်း သိရသည်။ 

တရုတ်လေကြောင်းဈေးကွက်သည် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်အနိမ့်ဆုံး သို့ရောက်ရှိခဲ့ပြီး ထိုအချိန်ကစ၍  ဖြည်းဖြည်းချင်းတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117