Connect with us

Economy

တရုတ်-စင်ကာပူ ကွန်ရက်ချိတ်ဆက်မှု စီမံကိန်းအရ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၂၀၀ ကျော် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ စူကျိုးစက်မှုဥယျာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်-စင်ကာပူ နှစ်နိုင်ငံ ကွန်ရက်ချိတ်ဆက်မှု စီမံကိန်းမူဘောင်အရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၁၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း အာဏာပိုင်များက မေ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

စီမံကိန်း တန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁.၈ ဘီလီယံရှိကြောင်း တရုတ်-စင်ကာပူ (ချုံချင့်) မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ကနဦး သရုပ်ပြစီမံကိန်း၏ စီမံခန့်ခွဲမှုဗျူရို အကြီးအကဲ ဟန်ပေါင်းချန်က ပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာက တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်။ 

 ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကအားဖြင့် ငွေကြေးဝန်ဆောင်မှုများ၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ ထောက်ပို့ နှင့် သတင်းအချက်အလက်နှင့် နည်းပညာ အပါအဝင် နယ်ပယ်ကြီး လေးခု ပါဝင်ကြောင်း ဟန်က ဆိုသည်။ယခုနှစ် နှစ်စကတည်းက COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကြားမှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း နှင့် စီမံကိန်းသုံးခုကို အကောင်အထည်ဖော်ခဲ့ပြီး ယင်းတို့မှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိကြောင်း သိရသည်။

တရုတ်-စင်ကာပူ (ချုံချင့်) မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ကနဦး သရုပ်ပြစီမံကိန်း၏ ရှေ့ပြေးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား တတိယမြောက် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြစ်သည်။ အခြားစီမံကိန်းနှစ်ခုမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ၁၉၉၄ ခုနှစ်က တည်ထောင်ခဲ့သည့် စူကျိုးစက်မှုဥယျာဉ်နှင့် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့သော ထျန်းကျင်း Eco-city တို့ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.