Connect with us

Economy

ပေကျင်းမြို့ရှိ လေဆိပ်များတွင် ကုန်တင်လေယာဉ်များအပေါ် ကန့်သတ်မှုများ ဖြေလျှော့ပေး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air China လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက်

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်း  စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပေကျင်း တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကုန်တင်လေယာဉ်များ လည်ပတ်မှုများ အားလုံးအပေါ် ကန့်သတ်မှုများကို ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။

လေကြောင်းလိုင်းများအားလုံးအနေဖြင့် ယခုအခါ လေဆိပ်နှစ်ခုလုံးရှိ ကုန်တင်လေယာဉ်ခရီးစဉ်များအားလုံး ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာန (CAAC) က မေ ၁၃ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခင်က China Postal Airlines တစ်ခုတည်းကိုသာ လေဆိပ်နှစ်ခုလုံးတွင် လည်ပတ်ခွင့်ပြုထားခြင်းဖြစ်ပြီး အခြားလေကြောင်းလိုင်းများ အနေဖြင့်မူ လေဆိပ်နှစ်ခုအနက် တစ်ခုကိုသာရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်သည်။လေဆိပ်နှစ်ခုလုံး၏ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်စည်လက်ခံနိုင်စွမ်း လိုအပ်ချက် မြင့်မားလာသဖြင့် ယခုကဲ့သို့ ကန့်သတ်မှုများကို ဖြေလျှော့ရခြင်းဖြစ်ကြောင်း CAAC က ပြောကြားခဲ့သည်။ ပေကျင်း တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် လေယာဉ်များ ပျံသန်းရန် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  (Xinhua)