Connect with us

Economy

အလီဘာဘာက ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး စီမံကိန်း မိတ်ဆက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးတွင် ၂၀၁၇ ခုနှစ်က ပြုလုပ်သည့် အလီဘာဘာ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးရန်ပုံငွေ တည်ထောင်ခြင်းအခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ e-commerce လုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ (Alibaba) က နိုင်ငံ၏ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး လုပ်ဆောင်ရန် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး နွေဦးစီမံကိန်း (Poverty Relief Spring Thunder Initiative) ကို မေ ၁၃ ရက်က မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအရ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်သူ လယ်သမား ၁၀၀,၀၀၀ ဦးကို ပြုစုပျိုးထောင်ရန် “ကျေးရွာ အခြေပြု တိုက်ရိုက်ထုတ်လွှင့်ခြင်း ကောလိပ်ကျောင်း” ၁၀၀ ကို တည်ထောင်သွားမည်ဖြစ်ပြီး ဒီဂျစ်တယ် စိုက်ပျိုးရေး အခြေခံများနှင့် လယ်ယာထွက်ကုန် အမျိုးအစား ၅၀ ခုကိုလည်း တည်ထောင်သွားမည် ဖြစ်သည်။ ၎င်းစီမံကိန်းသည် ဆင်းရဲနွမ်းပါးမှု မြင့်မားသော နယ်မြေများတွင် အလုပ်အကိုင်သစ် ၁၀၀,၀၀၀ ကျော် ထောက်ပံ့ပေးရန် “ထွက်ကုန်ပစ္စည်းများ‌ ပို့ဆောင်ပေးသော ကျေးရွာ” ၁၀၀ ကိုလည်း တည်ထောင်သွားမည် ဖြစ်သည်။

အလီဘာဘာက ဆင်းရဲနွမ်းပါးသောနယ်မြေများသို့ အဆင့်မြင့်ဝန်ထမ်းများ စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲ e-commerce နှင့် ဒေသတွင်းအခြေအနေများပေါ် အခြားသောစက်မှု အခြေခံ လုပ်ငန်းများဖြင့် ဆင်းရဲသူများကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေး ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း အလီဘာဘာက တရုတ်နိုင်ငံရှိ ကျေးလက်ဒေသတွင် e-commerce  ကို လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ဆင်းရဲသောနယ်မြေ ၈၃၂ ခုက အလီဘာဘာ၏ e-commerce   ပလက်ဖောင်းမှတစ်ဆင့် လယ်ယာထွက်ကုန်များကို ရောင်းချခဲ့ကြပြီး ရောင်းအားတန်ဖိုးမှာ ယွမ် ၉၇.၄ ဘီလီယံ (အမေရိကန်ဒေါ် ၁၃.၇ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရသည်။ အလီဘာဘာ၏ “ကျေးရွာအသံလွှင့်စီမံကိန်း” ကလည်း ၂၀၁၉ ခုနှစ်က တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု စုစုပေါင်း ၁.၆ သန်းကျော်ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း နယ်မြေအဆင့် ဒေသ ၂,၂၀၀ ခန့်ကို လွှမ်းခြုံနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကုမ္ပဏီက ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်၊ e-commerce နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အလေးထားကာ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် ကြွယ်ဝချမ်းသာရေး မြှင့်တင်ရန် ဆင်းရဲနွမ်းပါးမှု ရန်ပုံငွေ ယွမ် ၁၀ ဘီလီယံ မတည်ခဲ့ကြောင်း သိရသည်။  (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117