Connect with us

Economy

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု အသစ် ဖွင့်လှစ်

တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်ယပ်စ်မြို့သို့ ဦးတည်ကာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယီဝူမြို့မှ မေ ၄ ရက်က ထွက်ခွာလာခဲ့ကြောင်း သိရသည်။

အဆိုပါ စာပို့လုပ်ငန်းဝန်ဆောင်မှု ရထားသည် စုစုပေါင်း ၁၀,၁၄၆ ကီလိုမီတာ ခရီးဆန့်မည်ဖြစ်ပြီး ဦးတည်ရာသို့ မရောက်မီ ကာဇက်စတတန်၊ ရုရှား နှင့် ဘယ်လာရုစ် နိုင်ငံများအား ဖြတ်သန်းသွားမည် ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံနှင့် ဥရောပ၏ ဘော်လ်တစ်ပင်လယ်အကြား ချိတ်ဆက်ပေးသည့် ကုန်တင်ရထားသစ်တစ်စင်း ဖြစ်သည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြိုနှင့် ပြည်နယ်လေးခုမှ တန်ချိန် ၃၅၃ဒသမ၇၇ တန် (100 TEUs )အလေးချိန်ရှိသော နိုင်ငံတကာစာများကို သယ်ဆောင်လာသည့် အဆိုပါ စာပို့ရထားသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟော်ဂို့စ်မှတစ်ဆင့် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထိုရထားသည့် သတ်မှတ်နေရာသို့ ဆိုက်ရောက်ပြီးနောက် နိုင်ငံတကာစာများကို စပိန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်နှင့် ပြင်သစ် နိုင်ငံများအပါအဝင် ဥရောပ ၃၆ နိုင်ငံသို့ ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်သည်။ ယခုစတင်ဖွင့်လှစ်လိုက်သည့် တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုသည် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားမှ နိုင်ငံတကာပေးပို့သော စာတိုက်ဝန်ဆောင်မှုများအတွက် နယ်ပယ်သစ်တစ်ခု ထောက်ပံ့ပေးလျက်ရှိသည်။ အနာဂတ်တွင် အဆိုပါ ဝန်ဆောင်မှုကို တစ်ပတ်လျှင် ရထားတစ်စင်း ပြေးဆွဲနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ 

မေ ၄ ရက်အထိ စာရင်းအင်းများအရ ယခုနှစ် ယီဝူမြို့မှ ထွက်ခွာလာသည့် တရုတ်-ဥရောပ ကုန်တင်ရထား ၁၃၃ စင်းရှိပြီး ကုန်စည်အလေးချိန် ၁၁,၂၂၀ TEU တင်ဆောင်နိုင်ခဲ့ပြီး ယခင်နှစ်ကထက် ၄၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.